
စစ်ကောင်စီက ဒဏ်စီရင်လိုက်သည့် လေးဦးအနက် တစ်ဦးအပါဝင်ဖြစ်သည့် လှိုင်သာယာမြို့နယ်က ကိုအောင်သူရဇော်ဖမ်းဆီးခံရအချိန်၌ ဇနီးဖြစ်သူက ကိုယ်ဝန်နှစ်လဖြင့် ကျန်ရစ်ခဲ့သည်။ ကိုအောင်သူရဇော်အား ဒဏ်စီရင်သည့်အချိန်တွင် ၎င်း၏ရင်သွေးလေးမှာ ၈ လသားအရွယ်ရှိနေပြီဖြစ်ပြီး သားဖြစ်သူနှင့် တခါမှတွေ့ဆုံခွင့်မရရှိခဲ့ပေ။
ကျန်ရစ်သူဇနီးသည်က အခုလို ကိုအောင်သူရဇော်အား ဒဏ်စီရင်လိုက်မှုကြောင့် ၎င်းတို့၏ သားလေးအတွက် ပိုပြီးစိတ်မကောင်းဖြစ်မိကြောင်း Myanmar Now ကို ပြောဆိုခဲ့သည်။
မေးမြန်း – မေယု
Myanmar Now Youtube Channelတွင် HD quality ဖြင့်ကြည့်ရှုနိုင်သည်။



