အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

အာဏာရှင်စနစ်အောက်က ကျူးကျော်နေထိုင်သူတွေရဲ့ဘဝ

စက်ရုံအလုပ်ရုံများစွာရှိသည့်ရန်ကုန်မြို့တွင် အလုပ်အကိုင်အခွင့်အလမ်းအတွက် ရွှေ့ပြောင်းလာရောက်နေထိုင်သူများပြားသလို ဝင်ငွေနည်းပါးပြီး နေစရိတ်ကြီးမြင့်မှုကြောင့် ကျူးကျော်နေထိုင်ပြီးသူလည်း များစွာရှိနေပါသည်။ စစ်တပ်က အာဏာသိမ်းပြီးနောက် ကျူးကျော်နေထိုင်သူတွေကို အတင်းအဓမ္မ နေရာဖယ်ရှားခိုင်းခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အရပ်သားအစိုးရလက်ထက်တွင် ကျူးကျော်ပြဿနာကို ဖြေရှင်းနိုင်ရန် စာရင်းကောက်ယူပြီး ကျူးကျော်စမတ်ကတ်ထုတ်ပေးခဲ့သလို တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများ ဖော်ဆောင်ခဲ့သော်လည်းစီမံကိန်းဆောင်ရွက်နေစဉ်မှာ အာဏာအသိမ်းခံလိုက်ရပါသည်။

ကျူးကျော်အိမ်မှ အတင်းအဓမ္မဖယ်ရှားခံရသူများသည် လက်ရှိအချိန်တွင် ရန်ကုန်မြို့ ဆင်ခြေပုံးရပ်ကွက်များတွင် ထိုင်ကြနေကြရပြီး အလုပ်အကိုင်အခက်အခဲ နေထိုင်စားသောက်ရေးအခက်အခဲများနှင့် ရင်ဆိုင်နေကြရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​
[youtube https://youtu.be/EVieH_IM8L8]

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles