ရုပ်သံသတင်း

လှည်းတန်းတွင် အမျိုးသမီးနှစ်ဦး ပစ်သတ်ခံရ၊ ကြံ့ခိုင်ရေးပါတီဝင်ဟုဆို

ရန်ကုန်မြို့ ကမာရွတ်မြို့နယ် လှည်းတန်းဈေးအနီးတွင် ယနေ့ (ဇူလိုင် ၄) နံနက်ပိုင်းက အမျိုးသမီးနှစ်ဦး သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံရပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များဖြစ်သည်ဟု ရပ်ကွက်သားတစ်ဦးနှင့် ရဲသတင်းရင်းမြစ်တစ်ခုက အတည်ပြုသည်။

လုပ်ကြံခံရသူများမှာ ညီအစ်မနှစ်ဦးဖြစ်ပြီး အသက် ၃၀ ကျော်အရွယ် မတင်ဌေးလှိုင်နှင့် ၄၅ နှစ်အရွယ် မတင်ဌေးခိုင်တို့ဖြစ်ကာ သစ်သီးအချဉ်ပေါင်း ရောင်းရန်ပြင်ဆင်နေစဉ် နံနက် ၉ နာရီခန့်က ပစ်ခတ်ခံရ ခြင်းဖြစ်သည်ဟု သိရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

[youtube https://youtu.be/mvgwEwS_jwc]

Related Articles

Back to top button