အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရှမ်းအမျိုးသမီးကို ပြန်လွှတ်ပေးရန် TNLA အား နမ့်ခမ်းဒေသခံများ ဆန္ဒပြတောင်းဆို

ရန်ကုန် – တအာင်း/ပလောင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) က တစ်လကြာ ဖမ်းဆီးထားသည့် ရှမ်းအမျိုးသမီးအား ပြန်လွှတ်ပေးရန် ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့တွင် ဒေသခံများက ယနေ့ မြို့လုံးကျွတ် ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

အသက် ၃၇ နှစ်အရွယ် ကလေးသုံးယောက်မိခင် နန်းမိုဟွမ်သည် ဩဂုတ်လ ၁၇ ရက် နံနက်ခင်းတွင် ကလေးငယ်များအား ထမင်းကျွေးနေစဉ် PSLF/TNLA က ၎င်း၏နေအိမ်သို့ လာရောက်ဖမ်းဆီးခဲ့သည်။

ဒေသခံများသည် ယနေ့မနက် ၈ နာရီမှ မွန်းတည့် ၁၂ နာရီအချိန်ထိ နမ့်ခမ်းမြို့ ဆေးရုံကုန်း တောင်ခြေမှ မြို့လယ် ဘုရားကျောင်းအထိ လမ်းလျှောက်ကာ ပြုလုပ်ခဲ့ကြသည်။

“ဒီနေ့က သူဖမ်းဆီးခံရတာ တစ်လပြည့်လည်း ဖြစ်တယ်။ ခွင့်ပြုမိန့်ကို လူအင်အား ၃၀၀၀ နဲ့ တင်ထားပေမယ့် မြို့ခံ အင်အား ၁၀,၀၀၀ လောက် လာရောက် ပူးပေါင်း ဆန္ဒထုတ်ဖော်ပါတယ်။ ဒီနေ့ ထူးခြားတာက အရင် TNLA ဖမ်းဆီးသွားတဲ့ အပြစ်မဲ့ ပြည်သူတွေရဲ့ မိသားစုများ ပါဝင် တောင်းဆိုတာ တွေ့ပါတယ်” ဟု ဆန္ဒပြပွဲကို ဦးဆောင်စီစဉ်သူများထဲမှ တစ်ယောက်ဖြစ်သည့် စိုင်းသိန်းရွှေက Myanmar Now ကို ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

နမ်းခမ့်မြို့၊ ဟိုနောင်ရပ်ကွက်တွင် ကုန်မာဆိုင်ရှင် နန်းမိုဟွမ်သည် ဖမ်းဆီးခံရသည့်နေ့မှစ၍ ယနေ့အထိ မိသားစုနှင့် အဆက်အသွယ် လုံးဝမရသေးသောကြောင့် အသက်အန္တရာယ်အတွက် စိုးရိမ်နေကြောင်း အစ်မနန်းမိုခမ်းက ပြောသည်။

“အခုက သေသလား၊ ရှင်သလားဆိုတာကို မသိရဘူး။ အရမ်းကို စိုးရိမ်နေတယ်။ အငယ်ဆုံးကလေးလည်း ဖျားနေတာ မသက်သာဘူး၊ အမြန်ဆုံးသာ လွှတ်ပေးကြပါလို့” ဟု ၎င်းက ဆိုသည်။

TNLA အနေဖြင့် နန်းမိုဟွမ်ကို အမြန်ဆုံးလွှတ်ပေးလိုက်မှသာ ရှမ်းနှင့် တအာင်း (ပလောင်) လူမျိုးရေးပဋိပက္ခမ ဖြစ်စေရန် ထိန်းချုပ်နိုင်မှာ ဖြစ်သည်ဟု ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) ဥက္ကဋ္ဌ စိုင်းအိုက်ပေါင်းက ပြောသည်။

“လူထုဒေါသ မပေါက်ကွဲဖို့ အရမ်းအရေးကြီးတဲ့ အခြေအနေပါ။ ပေါက်ကွဲလာရင် ထိန်းရခက်မယ်။ TNLA က မြန်မြန်လွှတ်ပေးလိုက်တာ အကောင်းဆုံးပါပဲ”ဟု ၎င်းက ပြောသည်။

နန်းမိုဟွမ် ပြန်လည်လွတ်မြောက်ရေးအတွက် မိသားစုဝင်များက စက်တင်ဘာလ ၇ ရက်တွင် နမ့်ခမ်းမြို့လယ် ဘုရားကျောင်းရှေ့တွင် ဆန္ဒပြခြင်း၊ အစိုးရအရာရှိများထံ တိုင်ကြားခြင်းတို့ ပြုလုပ်ခဲ့ဖူးသည်။

အပြစ်မဲ့အရပ်သားတစ်ဦးကို ဖမ်းဆီးထားသည့် တအာင်း/ပလောင်လက်နက်ကိုင် တို့၏လုပ်ရပ်ကို “ဥပဒေမဲ့လုပ်ရပ်” ဟုလည်း အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)က စက်တင်ဘာလ ၁၀ ရက်နေ့တွင် ပြစ်တင်ဝေဖန်ခဲ့ပြီး ပြန်လွှတ်ပေးရန်လည်း တောင်းဆိုခဲ့သည်။

PSLF/TNLA က “အခွန်” ဟု သုံးသည့် ငွေကြေးကောက်ခံသည့်ကိစ္စကို အစိုးရထံ တိုင်ကြားခြင်းကြောင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ၎င်းအား “ရာဇသတ်ကြီး” ဥပဒေပုဒ်မ ၃၃၃ အရ TNLA ဗဟိုတရားရုံး၌ အမှုကို လက်ခံစစ် ဆေးနေကာ နန်းမိုဟွမ်၏ ဆွေမျိုးများနှင့် အများပြည်သူရှေ့တွင် စီရင်ချက်ချနိုင်ရန် စီစဉ်သွားမည်ဟု PSLF/TNLA က ယခုလ ၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

TNLA အနေဖြင့် နန်းမိုဟွမ်းကို အမြန်ဆုံးပြန်လွှတ်ပေးရန် အစီအစဉ် မရှိသေးကြောင်းနှင့် ထုတ်ပြန်ထားသည့်အတိုင်း TNLA၏ သီးခြားတရားဥပဒေအရသာ စီရင်ဆုံးဖြတ်ရန် ရှိသည်ဟု TNLA မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးတာအိုက်ကျော်က စက်တင်ဘာ ၁၁ ရက်နေ့တွင် Myanmar Now ကို ပြောသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles