သတင်း

ကူးတူပလောင်းဒုက္ခသည်စခန်း၌ ဂျာမန်သတင်းထောက်သုံးယောက် တိုက်ခိုက်ခံရ

ကောက်ဆစ်ဘဇား၊ ဖေဖော်ဝါရီ ၂၁

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းသို့ သွားရောက် သတင်းယူသော ဂျာမန် သတင်းထောက်သုံးဦးကို ကောက်ဆစ်ဘဇားရှိ ရိုဟင်ဂျာလူအုပ်တစ်အုပ်က ယမန်နေ့ ညနေပိုင်းက တိုက်ခိုက်ခဲ့ကြသည်

ဂျာမန်သတင်းထောက်သုံးဦးသည် မနေ့က အစောပိုင်းတွင် ကူးတူပလောင်း ဒုက္ခသည် စခန်းကို အလုပ်ကိစ္စဖြင့် သွားရောက်ခဲ့ကြပြီး အပြန်တွင် ရိုဟင်ဂျာမိသားစုတစ်စုအား လွမ်ဘာစီယာဘဇားမှ အဝတ်အစားများ ဝယ်ပေးခဲ့ကြကြောင်း၊ ထိုနေရာရှိ ရိုဟင်ဂျာ တစ်စုက ထိုဂျာမန် သတင်းထောက်များသည် ကလေးငယ်များကို ပြည်ပသို့ လူကုန်ကူးရန် ကြိုးပမ်းနေသည်ဟု ထင်ခဲ့ကြကြောင်း ရဲအရာရှိတစ်ဦးကို ကိုးကား၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာထရီဗျွန်း သတင်းစာက ရေးသားသည်။

ရိုဟင်ဂျာတို့သည် အဆိုပါသတင်းထောက်သုံးဦး၊ ၎င်းတို့၏စကားပြန်နှင့် ကားဒရိုင်ဘာတို့ကို တိုက်ခိုက်သလို ၎င်းတို့စီးလာသည့်ကားကိုလည်း ဖျက်ဆီးခဲ့ကြသည်။ ဝင်ရောက်ဖျန်ဖြေရန် ကြိုးပမ်းသည့် နယ်မြေခံရဲတစ်ဦးကိုလည်း ထိုလူအုပ်က ရိုက်နှက်ခဲ့ကြသည်။ လူအုပ်သည် ထိုနေရာမှထွက်ခွာမသွားမီ သတင်းထောက်များ၏ နိုင်ငံကူးလက်မှတ်နှင့် အခြားပစ္စည်းများကိုလည်း လုယူခဲ့ကြသည်

ထိခိုက်ဒဏ်ရာရသည့် သတင်းထောက်များ မည်သူမည်ဝါဖြစ်မှန်း စစ်ဆေးလျက်ရှိသည်။

ရဲဌာနအနေဖြင့် ဖြစ်စဉ်ကို သုံးသပ်ကာ ပျောက်ဆုံးနေသည့် ပစ္စည်းများကို ပြန်ရအောင် ကြိုးစားနေသည်ဟု အူးခီးယား ရဲဌာန၏ တာဝန်ကျအရာရှိက ပြောသည်။

Dhaka Tribune

Show More

Related Articles

Back to top button