အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကူးတူပလောင်းဒုက္ခသည်စခန်း၌ ဂျာမန်သတင်းထောက်သုံးယောက် တိုက်ခိုက်ခံရ

ကောက်ဆစ်ဘဇား၊ ဖေဖော်ဝါရီ ၂၁

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းသို့ သွားရောက် သတင်းယူသော ဂျာမန် သတင်းထောက်သုံးဦးကို ကောက်ဆစ်ဘဇားရှိ ရိုဟင်ဂျာလူအုပ်တစ်အုပ်က ယမန်နေ့ ညနေပိုင်းက တိုက်ခိုက်ခဲ့ကြသည်

ဂျာမန်သတင်းထောက်သုံးဦးသည် မနေ့က အစောပိုင်းတွင် ကူးတူပလောင်း ဒုက္ခသည် စခန်းကို အလုပ်ကိစ္စဖြင့် သွားရောက်ခဲ့ကြပြီး အပြန်တွင် ရိုဟင်ဂျာမိသားစုတစ်စုအား လွမ်ဘာစီယာဘဇားမှ အဝတ်အစားများ ဝယ်ပေးခဲ့ကြကြောင်း၊ ထိုနေရာရှိ ရိုဟင်ဂျာ တစ်စုက ထိုဂျာမန် သတင်းထောက်များသည် ကလေးငယ်များကို ပြည်ပသို့ လူကုန်ကူးရန် ကြိုးပမ်းနေသည်ဟု ထင်ခဲ့ကြကြောင်း ရဲအရာရှိတစ်ဦးကို ကိုးကား၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာထရီဗျွန်း သတင်းစာက ရေးသားသည်။

ရိုဟင်ဂျာတို့သည် အဆိုပါသတင်းထောက်သုံးဦး၊ ၎င်းတို့၏စကားပြန်နှင့် ကားဒရိုင်ဘာတို့ကို တိုက်ခိုက်သလို ၎င်းတို့စီးလာသည့်ကားကိုလည်း ဖျက်ဆီးခဲ့ကြသည်။ ဝင်ရောက်ဖျန်ဖြေရန် ကြိုးပမ်းသည့် နယ်မြေခံရဲတစ်ဦးကိုလည်း ထိုလူအုပ်က ရိုက်နှက်ခဲ့ကြသည်။ လူအုပ်သည် ထိုနေရာမှထွက်ခွာမသွားမီ သတင်းထောက်များ၏ နိုင်ငံကူးလက်မှတ်နှင့် အခြားပစ္စည်းများကိုလည်း လုယူခဲ့ကြသည်

ထိခိုက်ဒဏ်ရာရသည့် သတင်းထောက်များ မည်သူမည်ဝါဖြစ်မှန်း စစ်ဆေးလျက်ရှိသည်။

ရဲဌာနအနေဖြင့် ဖြစ်စဉ်ကို သုံးသပ်ကာ ပျောက်ဆုံးနေသည့် ပစ္စည်းများကို ပြန်ရအောင် ကြိုးစားနေသည်ဟု အူးခီးယား ရဲဌာန၏ တာဝန်ကျအရာရှိက ပြောသည်။

Dhaka Tribune

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button