အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

စစ်ကောင်စီကို လက်နက်ကိုင်တိုက်မယ့် ကယန်းတိုင်းရင်းသူ တပ်ခွဲမှူး

အိန်ဂျယ်လစ်မိုးသည် လုပ်သက် ၅ နှစ်ရှိသည့် မူလတန်းပြကျောင်းဆရာမတစ်ဦးဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီးနောက် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွင် ပါဝင်ခဲ့ကာ ၂၀၂၁ခုနှစ်၊ ၁၀လပိုင်းတွင် KNDF ၌ အရံတပ်သားတစ်ဦးအနေဖြင့် ရုံးပိုင်းဆိုင်ရာလုပ်ငန်းများ ပါဝင်ကူညီရင်း တော်လှန်ရေးတွင် ထဲထဲဝင်ဝင် ပါဝင်လာခဲ့ပါသည်။

ထို့နောက် စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များ အမြန်ဆုံးအဆုံးသတ်နိုင်ရန်အတွက် ကိုယ်တိုင်လက်နက်ကိုင်ပြီး အမျိုးသားများနှင့်တန်းတူ ရှေ့တန်းစစ်မြေပြင်အထိ တိုက်ပွဲဝင်ရန် ဆုံးဖြတ်ခဲ့သည်။

KNDF တပ်ရင်း ၅ ၏ အမျိုးသမီးအထူးတပ်ဖွဲ့ကို အင်အား ၆၀ ကျော်ဖြင့် ပြီးခဲ့သည့် မေလကုန်ပိုင်းတွင် ပထမဆုံး ဖွဲ့စည်းလိုက်ပြီး အိန်ဂျယ်လစ်မိုးသည် တပ်ခွဲမှူးအဖြစ်တာဝန်ထမ်းဆောင်လျက်ရှိသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​
[youtube https://youtu.be/Fh3Up87fG7s]

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles