စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ချင်းတွင်းမြစ် အနောက်ဘက်ကမ်း၌ မေလ ၃၁ ရက်နေ့တွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)က ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ဗိုလ်ကြီးတစ်ဦး အပါအဝင် အများအပြား သေဆုံးပြီးနောက် စစ်တပ်က ဒရုန်းတွင် ဗုံးသီးတပ်ပြီး တိုက်ခိုက်ခဲ့ပါသည်။
ချင်းတွင်းမြစ်အတိုင်း ဆန်တက်လာသည့် စစ်ရေယာဉ်အုပ်စုကို လုံခြုံရေးပေးရန်အတွက် မြစ်အနောက်ဘက်ကမ်းအတိုင်း ချီတက်လာသည့် အင်အား ၈၀ ကျော်ပါ ရှေ့ပြေးစစ်ကြောင်းကို ဒေသခံ PDF က ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဖြစ်စဉ်နဲ့ပတ်သက်၍ ကနီဒေသအခြေစိုက် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်သည့် ကျောက်လုံးကြီးတပ်မဟာ (KLG)က ကိုအေတီ ကို Myanmar Now က ဆက်သွယ်မေးမြန်းထားပါသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)
[youtube https://youtu.be/4kShpIbQTYk]