အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

TNLAက ၂လ နီးပါး ဖမ်းထားသည့် နန်းမိုဟွမ် အိမ်ပြန်ရောက်ပြီ

တအာင်း(ပလောင်)လက်နက်ကိုင်အဖွဲ့ TNLA က နှစ် လနီးပါးကြာ ဖမ်းဆီးထားသည့် နန်းမိုဟွမ်သည် ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့ရှိ သူ၏နေအိမ်သို့ ယနေ့တွင် ပြန်ရောက်ခဲ့သည်။

အသက် ၃၇ နှစ်အရွယ် ကလေး သုံးယောက်မိခင် နန်းမိုဟွမ်သည် TNLA က“အခွန်” ဟု သတ်မှတ်သည့် ဆက်ကြေး ကောက်ခံမှုကို အစိုးရထံ တိုင်ကြားခဲ့ကြောင်း စွပ်စွဲပြီး ဩဂုတ်လ ၁၇ ရက်တွင် နေအိမ်အတွင်း ဝင်ရောက် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

TNLA က သူ့အား နေရာမသိရသည့် စခန်းတစ်ခုတွင် နှစ်လ နီးပါးကြာ ဖမ်းဆီးခဲ့ပြီး ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၃၃အရ ဟုဆိုကာ ထောင်သုံးနှစ် ချခဲ့ပြီး နောက်ပိုင်းတွင် ပြန်လွှတ်ပေး ရန်ဆုံးဖြစ်ခဲ့သည်။

နန်းမိုဟွမ်လွတ်မြောက်မှုကို သူ၏အမက အတည်ပြုပြီး ပြန်လည်လွတ်မြောက်ရေး ကူညီသူအားလုံးကို ကျေးဇူးတင်စကား ပြောခဲ့သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“လွတ်မြောက်ပေးဖို့ ကြိုးစားပေးခဲ့သူတွေအားလုံးကို အထူးကျေးဇူးတင်တယ်လို့ ပြောပေးပါ။ ကျွန်မ ပျော်တာထက် ခု သူ့သားသမီးတွေ ပိုပျော်နေတယ်” ဟု နန်းမိုခမ်း ကပြောသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button