အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရွေးကောက်ပွဲသတင်း

တာမွေတွင် NLD မဲအပြတ်အသတ်ဖြင့် အနိုင်ရ

Myanmar Now က ကနဦးရရှိသည့် မဲစာရင်းများအရ NLD ကိုယ်စားလှယ် ဦးတိုးဝင်းသည် ပြိုင်ဘက် ၇ ပါတီကို ကျော်ဖြတ်ပြီး ရန်ကုန် တာမွေ မဲဆန္ဒနယ်တွင် အနိုင်ရခဲ့ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ရ သည်။

“ပြည်သူ့အစိုးရအနေနဲ့ ကျပ်တည်းတဲ့ကာလမှာ အခုလိုဖြစ်အောင် မဲပေးတာက ကျွန်တော်တို့ ခေါင်းဆောင်ကို တစ်ဖက်တစ်လမ်းကနေ အားဖြည့်ရာရောက်ပါတယ်။ ဒီအတွက် ပြည်သူကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်ပြည်သူ့အတွက် တာဝန်ထမ်းဆောင်သွားမှာပါ” ဟု တာမွေမြို့နယ်မှ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးတိုးဝင်းက Myanmar Nowကို ပြောသည်။

တာမွေမြို့နယ်မဲဆန္ဒနယ်မြေတွင် မဲရုံပေါင်း ၁၂၃ရုံ၊ ရပ်ကွက်ပေါင်း ၂၀၊ တာမွေမြို့နယ်အတွက် ကြိုတင်မဲ ၁၅၈၅ လက်ခံရရှိထားကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်စာရင်းများအရ သိရသည်။

မဲဆန္ဒရှင်ပေါင်း ကိုးသောင်းကိုးထောင်တစ်ရာတစ်ဆယ့်ကိုးယောက်(၉၉,၁၁၉)ရှိသော်လည်း မဲလာရောက် ထည့်သူသုံးသောင်းကျော်(၃၂၅၆၆)သာ ရှိခဲ့သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

တာမွေမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ပါတီ ၈ပါတီမှ ကိုယ်စားလှယ်လောင်းများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ NLDပါတီမှ မဲအရေအတွက် စုစုပေါင်း နှစ်သောင်းခုနှစ်ထောင်ကျော်(၂၇၈၀၉)ဖြင့် အပြတ်အသတ် အနိုင်ရခဲ့ခြင်းဖြစ်သည်။

ရာခိုင်နှုန်းအားဖြင့် တာမွေမြို့နယ်အတွင်း ၈၄% အနိုင်ရခဲ့သည်။ အဓိက ပြိုင်ဘက် ကြံ့ခိုင်ရေးပါတီမှာ မဲပေါင်းသုံးထောင်ကျော် ရရှိသည်။

အဆိုပါ တာမွေမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မဲဆန္ဒနယ်သည် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် ဦးဝင်းမြင့်ကိုယ်တိုင် ဝင်ရောက်ယှဉ်ပြိုင်ကာ အနိုင်ရခဲ့သည့် မဲဆန္ဒနယ်ဖြစ်သည်။ ၎င်းအနေဖြင့် နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရပြီးနောက် အဆိုပါမဲဆန္ဒနယ်ကို ကြားဖြတ်ရွေးကောက်ပွဲတွင် ထည့်သွင်းခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button