ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီတပ်စခန်းတချို့ တိုက်ခိုက်ခံရပြီးနောက် ဒေသခံ ပူးပေါင်းတပ်များနှင့် စစ်တပ်ကြား တိုက်ပွဲများဆက်လာကာ စစ်တပ်က လက်နက်ကြီးများ အဆက်မပြတ်ပစ်ခတ်သည့်ပြင် ရဟတ်ယာဉ်များဖြင့်ပါ တိုက်ခိုက်နေကြောင်း ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။
ကယားပြည်နယ်နှင့် ထိစပ်နေသော ရှမ်းပြည်တောင်းပိုင်း ညောင်ရွှေမြို့နယ် ထီရိကျေးရွာရှိ စစ်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) စခန်းကို မေ ၁၂ ရက်တွင် ဒေသအခြေစိုက် PDF များ တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၁၅ ဦးသေဆုံးပြီး ၅ ဦး ဖမ်းဆီးခံရသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)
[youtube https://youtu.be/Ok3N19G87QI]