
“တကယ်တမ်း အောက်ခြေမှာကတော့ သူတို့ရဲ့ တပ်သားတွေက စိတ်ဓာတ်ကျဆင်းနေကြတာ မြင်တွေ့နေရတာပေါ့။ ဥပမာအားဖြင့် ကျွန်တော်တို့ဖြတ်တိုက်တဲ့ကားဆိုလို့ရှိရင် အားလုံးပေါင်း ၂၁စီး ရှိတယ်။ ကျွန်တော်တို့ မိုင်းဆွဲတော့ တစ်စီးလည်း အနည်းငယ်ထိခိုက်ပြီးတော့ သူမောင်းပြေးသွားတယ်။ ဆိုတော့ ၄စီး ကျန်နေခဲ့တယ်။ ရှေ့မှာသွားတဲ့ ယာဉ်တန်းတွေက နောက်မှာကျန်ခဲ့တဲ့ ၄စီးကို မကူမကယ်ပေးဘူး။ ဘာမှ မလုပ်ကူပေးဘူးပေါ့လေ။ အဲ့ဒီအချိန်မှာ သူတို့ရဲ့ တပ်သားတွေရဲ့ စိတ်ဓာတ်ကလည်း ပိုပြီးတော့မှ ကျဆင်းကုန်တယ်လို့ ကျွန်တော်တို့ အဲ့လိုမြင်တယ်”
စစ်ကောင်စီယာဉ် လေးစီးကို မီးရှို့ဖျက်ဆီးနိုင်ခဲ့သည့် မေလ ၇ရက်နေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က ဒုဗိုလ်မှူးကြီး အပါအဝင် ၂၄ဦး သေဆုံးကာ တစ်ဦးကို အရှင်ဖမ်းမိပြီး လက်နက်ခဲယမ်းအများအပြားလည်း သိမ်းဆည်းရမိခဲ့သည်။
ထိုတိုက်ပွဲအကြောင်း အပါအဝင် ကရင်နီ(ကယား)ပြည်နယ်အတွင်း စစ်ရေးအခြေအနေများနှင့်ပတ်သက်ပြီး ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ၏ ဗဟိုကော်မတီဝင်တစ်ဦးကို Myanmar Now က ဆက်သွယ်မေးမြန်းထားပါသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။
[youtube https://youtu.be/X_lCR_-sq54]