
မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မနော်ဟရီ လမ်း အနောက်ဘက်၊ လေယာဉ်ကွင်း အရှေ့ဘက်ရှိ အမှတ် ၅ ရပ်ကွက်ရှိ ကျူးကျော်တဲ ၂၀၀ ကျော်ကို ယနေ့ နိုဝင်ဘာလ (၁၃) ရက်နေ့ မနက် ၉ နာရီဝန်းကျင်က စတင်ကာ ရဲ၊ စည်ပင်များ အင်အားအများအပြားဖြင့် ရှင်းလင်းလျက်ရှိသည်။
“အစိုးရ စီမံခန့်ခွဲလုပ်ပိုင်ခွင့်ရှိတဲ့ မြေတွေပါ။ အထွေထွေအုပ်ချုပ်ရေးမှူး ဦးစီးဌာနကနေပြီးတော့ ဒီနေရာမှာ မူးယစ်ဆေးဝါးတွေ သုံးစွဲတာတွေ ရောင်းချတာတွေ ဖမ်းဆီးရမိလို့ နောက်ထပ် မဖြစ်အောင် ဖျက်သိမ်းဖို့လိုတယ်ဆိုပြီး ပူးပေါင်းအဖွဲ့နဲ့ ဖျက်သိမ်းတာ ဖြစ်ပါတယ်”ဟု စည်ပင်သာယာ အခွန်ဌာန ဌာနခွဲမှူး ဦးအေးလွင်က ပြောသည်။