အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မန္တလေးတွင် ဆန္ဒပြလူငယ်ရှစ်ဦး ရုတ်တရက် ပျောက်ဆုံးသွား

စစ်ကောင်စီ၏ ရက်စက်စွာဖြိုခွင်းမှုများကို အန်တု၍ အာဏာသိမ်းပြီး တစ်နှစ်ကျော်သည်အထိ နေ့စဉ် ဆန္ဒပြနေသည့် မန္တလေးမြို့တွင် သပိတ်အင်အားစုအဖွဲ့မှ လူငယ်ရှစ်ဦး ယမန်နေ့ (ဧပြီ ၄) ရက် နံနက်ပိုင်းမှစ၍ အဆက်အသွယ်ပြတ်နေသည်ဟု သိရသည်။ 

ထိုနေ့ နံနက်က မန္တလေးမြို့ပေါ်တစ်နေရာတွင် ပြောက်ကျားဆန္ဒပြပွဲကို ဓာတ်ပုံလိုက်ရိုက်သည့် လူငယ်သုံးဦး ပစ်ခတ်ဖမ်းဆီးခံရသည်ဟု ယူဆရပြီးနောက် ၎င်းတို့နှင့် အဆက်အသွယ်ရှိသည့် နောက်ထပ်ငါးဦးပါ ပျောက်ဆုံးသွားသည်ဟု သပိတ်ခေါင်းဆောင်တစ်ဦးက Myanmar Now ကို ပြောသည်။

အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေသည့် လူငယ်များမှာ အသက် ၂၀ ဝန်းကျင်အရွယ်များဖြစ်သည့် ကိုဟိန်းမင်းဇော်၊ ကိုအောင်ဇော်မြင့်၊ ကိုနိုင်လင်းထွန်း၊ ကိုကျော်စိုးမိုး၊ ကိုကျော်မင်းထွန်း၊ ကိုထက်ကို၊ မသဲစုနှင့် မဂျာဆိုင်းအောင်တို့ဖြစ်သည်ဟု ၎င်းက အတည်ပြုသည်။

ထိုသူများ ဖမ်းဆီးခံရခြင်း သို့မဟုတ် မည်သို့မည်ပုံ ပျောက်ဆုံးသွားသည်ကိုမူ မပြောနိုင်သေးဟုလည်း ထိုသပိတ်ခေါင်းဆောင်က ပြောသည်။​

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“သုံးယောက်က အရင်ဆုံး ပျောက်သွားတယ်။ သူတို့သွားခဲ့တဲ့ ဝန်းကျင်က လူတွေအပြောအရ သေနတ်သံကြားတယ်ဆိုတော့ ပစ်ခတ် ဖမ်းဆီးခံရတယ်လို့ ယူဆတယ်။ နှိပ်စက်ပြီး ဖော်ခိုင်းရာက နောက်ထပ် ၅ ယောက် ထပ်ပါတာ ဖြစ်နိုင်တယ်” ဟု ၎င်းက ဆိုသည်။

မန္တလေးတွင် စစ်ကောင်စီက ဖမ်းသွားပြီးနောက် သတင်းအစအနစုံစမ်းမရသူများ၊ သေဆုံးသွားပြီဟု မိသားစုထံ အကြောင်းကြားသော်လည်း အလောင်းပင်ပြန်မရသည့် ဖြစ်စဉ်များရှိသည်။

ထို့အတူ စစ်ကောင်စီက မန္တလေးနန်းတွင်းတွင် ဖွင့်လှစ်ထားသည့် စစ်ကြောရေးစခန်းမှာ ရဟန်း၊ သံဃာများကိုပင်မချန် အလွန်အမင်းနှိပ်စက်သည်ဟု နာမည်ကြီးသည်။ မန္တလေးမြို့ အိုးဘိုအကျဉ်းထောင်သည်လည်း ဆေးကုသခွင့် လုံလောက်စွာမပေး၊ နိုင်ငံရေးပုဒ်မများဖြင့် ဖမ်းခံရသူတို့ကို ဖိနှိပ်သည်ဟု အမည်ဆိုးဖြင့် ကျော်ကြားသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ဧပြီ ၄ ရက်စာရင်းအရ အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း စစ်ကောင်စီလက်ချက်ဖြင့် သေဆုံးသူ နှစ်ထောင်နီးပါးရှိကာ ၁၃,၀၀၀ ကျော် ဖမ်းဆီးခံထားရသည်ဟု သိရသည်။

ထိုစာရင်းများ ချဲ့ကားလွန်းသည်ဟု စစ်ကောင်စီက တုံ့ပြန်လေ့ရှိသော်လည်း လက်လှမ်းမီသလောက် ကောက်ခံခြင်းသာ ဖြစ်သဖြင့် ပို၍များနိုင်သည်ဟု AAPP က ဆိုထားသည်။

အထက်ပါ ဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ကောင်စီထံ မေး၍မရသေးပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles