
မြန်မာနိုင်ငံတွင် လူအသုံးအများဆုံး လူမှုကွန်ရက်မီဒီယာဖြစ်သည့် ဖေ့ဘုတ်ပေါ်မှာ စစ်ကောင်စီကို ဆန့်ကျင်သည့်ပို့စ်တင်ခြင်း၊ မှတ်ချက်ပေးခြင်းနှင့် မျှဝေခြင်းများပြုလုပ်လျှင် ပြစ်ဒဏ်ကြီးလေးသည့်ပုဒ်မများဖြင့် စစ်ကောင်စီက အရေးယူလျက်ရှိသည်။
စစ်ကောင်စီသည် Virtual Private Network (VPN) နည်းပညာသုံးရင် ထောင်ဒဏ် ၃နှစ် အထိ ချမှတ်နိုင်မည့် အမျိုးသားဆိုက်ဘာလုံခြုံရေးဥပဒေကိုလည်း ပြဋ္ဌာန်းရန် ကြိုးစားနေသည်။ အာဏာရှင်ဦးသန်းရွှေလက်ထက်က အီလက်တရောနစ်ဥပဒေပုဒ်မဖြင့် ထောင်ဒဏ်အနှစ် ၂၀ အမိန့်ချခံရဖူးသူ ဘလော်ဂါတစ်ဦးဖြစ်သည့် ရန်ကုန်တိုင်းလွှတ်တော်အမတ်ဟောင်း ဦးနေဘုန်းလတ်က စစ်ကောင်စီ၏ အမျိုးသားဆိုက်ဘာ လုံခြုံရေးဥပဒေသည် တစ်နိုင်ငံလုံးကို ထောင်နံရံခတ်လိုက်ခြင်း ဖြစ်ကြောင်း ဝေဖန်ခဲ့သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)
[youtube https://youtu.be/ir9zPmsaqfU]