
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) စခန်းငယ်တစ်ခု ယမန်နေ့ (ဖေဖော်ဝါရီ ၂၀) တွင် စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ရာ အဖွဲ့ခေါင်းဆောင်အပါအဝင် ၅ ဦး သေဆုံးခဲ့သည်။
စစ်ကိုင်းတိုင်းအတွင်းရှိ ရွာများကို စစ်ကြောင်းထိုး တိုက်ခိုက်နေသည့် စစ်ကောင်စီကို ရရာလက်နက်ဖြင့် ပြန်ခုခံနေရသည့် ဒေသခံကာကွယ်ရေးအဖွဲ့ (ပကဖ) များ လက်နက်အင်အား မမျှသဖြင့် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ခင်ဦး၊ ကန့်ဘလူ၊ ထီးချိုင့် ဒေသများတွင် တစ်နေ့တည်း အများအပြားသေဆုံးခဲ့ရသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)
[youtube https://youtu.be/SV7J5jLD8ag]