အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

အရပ်သားဒေသခံများကို လူသားဒိုင်းအဖြစ် စစ်ကောင်စီအသုံးပြု

ပြီးခဲ့သည့် ဇန်နဝါရီ ၃၁ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မင်းကင်းမြို့နယ် ချင်းတွင်းမြစ်ကမ်းနံဘေးရှိ ဘင်ကျေးရွာကို မီးတင်ရှို့ပြီး မပြေးနိုင်သည့် သက်ကြီးရွယ်အို၊ ကျန်းမာရေးမကောင်းသူ၊ ကလေးငယ်နှင့် အမျိုးသမီးများကို ဖမ်းဆီးခဲ့ကာ လူသားဒိုင်းအဖြစ် ခေါ်ဆောင်သွားခဲ့သည်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့များ ချုံခိုတိုက်ခိုက်မှုပြင်းထန်သည့် ချင်းတွင်းမြစ်ကြောင်း တစ်လျှောက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဘင်ကျေးရွာက ဒေသခံ ၃၆ ဦးကို ဖမ်းဆီးကာ စစ်ရေယာဉ်ပေါ် ခေါ်ဆောင်ပြီး လူသားဒိုင်းအဖြစ် အသုံးချခဲ့သည်။ ဖမ်းဆီးခံရသူများသည် တိုက်ပွဲပြင်းထန်သည့် ချင်းတွင်းမြစ်တစ်လျှောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်အတူ လိုက်ပါသွားခဲ့ရပြီး (၁၀) ရက်အကြာတွင် ဇာတိဖြစ်သည့် ဘင်ကျေးရွာသို့ အားလုံးပြန်လည်ရောက်ရှိလာကြပါသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

[youtube https://youtu.be/HpG4dKpGtRA]

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button