
ပြီးခဲ့သည့် ဇန်နဝါရီ ၃၁ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မင်းကင်းမြို့နယ် ချင်းတွင်းမြစ်ကမ်းနံဘေးရှိ ဘင်ကျေးရွာကို မီးတင်ရှို့ပြီး မပြေးနိုင်သည့် သက်ကြီးရွယ်အို၊ ကျန်းမာရေးမကောင်းသူ၊ ကလေးငယ်နှင့် အမျိုးသမီးများကို ဖမ်းဆီးခဲ့ကာ လူသားဒိုင်းအဖြစ် ခေါ်ဆောင်သွားခဲ့သည်။
ပြည်သူ့ကာကွယ်ရေးအဖွဲ့များ ချုံခိုတိုက်ခိုက်မှုပြင်းထန်သည့် ချင်းတွင်းမြစ်ကြောင်း တစ်လျှောက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဘင်ကျေးရွာက ဒေသခံ ၃၆ ဦးကို ဖမ်းဆီးကာ စစ်ရေယာဉ်ပေါ် ခေါ်ဆောင်ပြီး လူသားဒိုင်းအဖြစ် အသုံးချခဲ့သည်။ ဖမ်းဆီးခံရသူများသည် တိုက်ပွဲပြင်းထန်သည့် ချင်းတွင်းမြစ်တစ်လျှောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်အတူ လိုက်ပါသွားခဲ့ရပြီး (၁၀) ရက်အကြာတွင် ဇာတိဖြစ်သည့် ဘင်ကျေးရွာသို့ အားလုံးပြန်လည်ရောက်ရှိလာကြပါသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)
[youtube https://youtu.be/HpG4dKpGtRA]