အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မောင်တောတွင် လူငယ် ၃၁ ဦး ပြန်လွတ်လာသော်လည်း ယာဉ်မောင်း အမှုဖွင့်ခံရ 

ရက္ခိုင့်တပ်တော် (AA) နှင့် ဆက်စပ်သည်ဟူသော သံသယနှင့် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် အဖမ်းခံရသည့် လူငယ် ၃၀ ကျော် ပြန်လွတ်လာသော်လည်း ၎င်းတို့၏ ယာဉ်မောင်းသူတစ်ဦးမှာ အမှုဖွင့်ခံထားရပြီး မြို့နယ်တရားရုံးတွင် ယမန်နေ့ (ဖေဖော်ဝါရီ ၃) တွင် ရုံးထုတ်ရမန်ယူခဲ့သည်။  

ရန်အောင်ပြင်ကျေးရွာမှ ၂၆ နှစ်အရွယ် ကိုသန်းဇော် အမှုဖွင့်ခံထားရခြင်းမှာ မော်တော်ယာဉ်လိုင်စင်နှင့် ပတ်သက်သည်ဟု သူ၏ မိခင်ဖြစ်သူ အသက် ၄၄ နှစ်အရွယ် ဒေါ်မစံသိန်းက ဆိုသည်။

“မြို့နယ်တရားရုံးမှာ ညနေ ၃ နာရီလောက်က ရုံးထုတ် ရမန်ယူပါတယ်။ သူ့ကို ဖမ်းထားတာက ကားလိုင်စင်မရှိလို့ ပြောပါတယ်” ဟု မိခင်ဖြစ်သူက ပြောသည်။ 

“အခု ဘယ်လိုဆက်လုပ်ကြမလဲဆိုတာကို ကျွန်မတို့လည်း မသိတော့ဘူး။ သူ့ကို အခု ၄ မိုင်ရဲစခန်းကို ယူသွားတယ်”

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ဇနီးဖြစ်သူ မဥမ္မာရီထွန်းကလည်း ကိုသန်းဇော်ကို အမြန်ဆုံး ပြန်လွှတ်ပေးစေချင်ကြောင်း ပြောသည်။ 

လုံခြုံရေးအရ အမည်မဖော်လိုသော ဒေသခံတစ်ဦးက နယ်စပ်မြို့ဖြစ်သော မောင်တောတွင် လိုင်စင်မဲ့ကား အများအပြားရှိကြောင်း ထောက်ပြဝေဖန်သည်။

“လိုင်စင်မဲ့ကားကို ဖမ်းတယ်ဆိုရင် သူတို့စီးနေတဲ့ကားက လိုင်စင်ရှိရဲ့လား ပြန်မေးစရာ ဖြစ်လာတယ်။ ဒီဟာက အပြစ်မရှိ အပြစ်တစ်ခုခု ရှာတယ်လို့ပဲ မြင်တယ်” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၈ က မောင်တောမြို့ပေါ်မှ နယ်ဘက်သို့ ပြေးဆွဲနေသည့် လိုင်းကားနှစ်စီးပေါ်တွင် လိုက်ပါလာသူ ခရီးသည် ၃၁ ဦးကို ကားသမားများနှင့်အတူ ကြိမ်ချောင်းစစ်ဆေး‌ရေးဂိတ်၌ စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းလိုက်သည်။

ဇန်နဝါရီ ၃၁ တွင် ထို ၃၁ ဦးကို စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့သည်။ 

ယမန်နေ့ (ဖေဖော်ဝါရီ ၃) တွင် စံပြကျေးရွာမှ  ၃၂ နှစ်အရွယ် ယာဉ်မောင်းသူ ကိုစိုးဝင်းနိုင်၊ ယာဉ်အကူ အသက်၂၇ နှစ်အရွယ် ကိုကျော်နိုင်ဝင်း၊ ကိုစိုးမင်းနိုင်တို့ကို ပြန်လွှတ်လိုက်ကြောင်း မိသားစုဝင်များက ပြောသည်။

လက်ရှိတွင် ကြိမ်ချောင်းစစ်ဆေးရေးဂိတ်၌ အစစ်အဆေးကြမ်းနေသလို အခြေခံစားသောက်ကုန်ပစ္စည်း သယ်ယူပို့ဆောင်ခွင့်ကိုလည်း ကန့်သတ်ထားသည်။ ကန့်သတ်ထားခြင်းကြောင့် ဒေသခံများ အခက်တွေ့နေကြောင်း မောင်တောမြောက်ပိုင်းမှ လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံကျေးရွာသားတစ်ဦးက ပြောသည်။

“မောင်တောမြောက်ပိုင်းမှာ မီးတိုက်ကျေးရွာအနောက်ဘက်ဆိုရင် နယ်စပ်ခြံစည်းရိုး၊ တောင်ပြိုလက်ဝဲမြို့နယ်ခွဲ၊ တောင်ပြိုလက်ယာအနောက်ဘက်ဆိုရင် နယ်စပ်ခြံစည်းရိုး၊ ဝေလာတောင်အနောက်ဘက်ဆိုရင် နယ်စပ်ခြံစည်းရိုး၊ ဗန္ဓုလအနောက်ဘက်ဆိုရင် နယ်စပ်ခြံစည်းရိုးဆိုတော့ နယ်စပ်ခြံစည်းရိုးမဟုတ်တဲ့ ဒီကြိမ်ချောင်းဂိတ်မှာ ဘာကြောင့် အခုလိုစားသောက်ကုန်တွေကို ကန့်သတ်ထားရတာလဲ” ဟု အဆိုပါ ဒေသခံက ဆိုသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles