အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကျောက်တော်တွင် AA နှင့် စစ်တပ် ထိပ်တိုက်ဆုံ၍ ဒေသခံတချို့ တိမ်းရှောင်

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ပြင်တွင် ရက္ခိုင့်တပ်တော်(AA)တပ်ဖွဲ့နှင့် ယနေ့ (ဇန်နဝါရီ ၁၇) နံနက်ပိုင်း စစ်ရေးတင်းမာမှုဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ် အင်အား ၄၀ ပါ စစ်ကြောင်းက ဝင်စုကျေးရွာ ဘုန်းကြီးကျောင်း၌ တပ်စွဲလိုက်သည်။ 

ကျောက်တော်မြို့နှင့် ၃ မိုင်ခန့်အကွာရှိ ပီထုကျေးရွာ၊ ပီစိပိုက်သည်ကျေးရွာ(မွတ်စလင်)၊ ပီစိကျေးရွာ(ရခိုင်) စသည့် ၃ ရွာအကြား လမ်းဆုံတစ်နေရာ၌ နှစ်ဖက်ထိပ်တိုက်တွေ့ခဲ့ပြီး မွန်းတည့်ချိန်၌ စစ်တပ်က ပြန်ဆုတ်သွားသည်ဟု အမည်မဖော်လိုသည့် ဒေသခံကျေးရွာသားတစ်ဦးက Myanmar Now ကို ပြောသည်။

ယခုအခါ ထိုနေရာနှင့် တစ်မိုင်အကွာရှိ ဝင်စု ကျေးရွာဘုန်းကြီးကျောင်းတွင်သာ တပ်စွဲထားကြောင်း ဆိုသည်။ 

“တိုက်ပွဲဖြစ်လုဆဲဆဲ ဖြစ်ခဲ့တဲ့ နေရာက ပီထုရွာနဲ့လည်း နီးတယ်။ အခုကတော့ စစ်တပ်က နှစ်ဖက်ရှေ့ဆိုင် တင်းမာမှုဖြစ်ခဲ့တဲ့ နေရာကနေ ဆုတ်သွားတယ်။ အဲဒီအနီးက ဝင်စုဘုန်းတော်ကြီးကျောင်းမှာ ရှိနေတယ်။ အခုတော့ တင်းမာမှုဖြစ်ခဲ့တဲ့နေရာကို AA က နေရာယူထားတယ်” ဟု ထိုဒေသခံက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“စစ်တပ်က အရာရှိတစ်ယောက်နဲ့ AA က ခေါင်းဆောင်တစ်ယောက်နဲ့ ဖုန်းနံပါတ်တွေ ရကြတယ်။ အေးအေးဆေးဆေး ဝင်စုကျောင်းမှာ ထမင်းချက်စားဖို့ ဆုတ်သွားတယ်လို့ စစ်တပ်က AA ဘက်ကို ဖုန်းဆက်ခဲ့တယ်လို့ သိရတယ်”

ထိပ်တိုက်တွေ့ဆုံမှုကြောင့် ဝင်စုနှင့် ပီထုကျေးရွာသားအချို့မှာ စိုးရိမ်ကြောက်လန့်ပြီး ကျောက်တော်မြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်ဟု ၎င်းက ဆိုသည်။ 

“မြို့ပေါ်ကို ရှောင်ပြေးကြတာက ကိုယ်ဝန်ဆောင်တွေ၊ ကလေးတွေက စိုးရိမ်စိတ်တွေနဲ့ မြို့ပေါ်ကို ထွက်ပြေးကြတာ။ ပြေးတဲ့သူတွေက ပြန်မရောက်ကြသေးဘူး။ စစ်တပ်က ဝင်စုမှာ ရှိနေသေးတယ်ဆိုတော့ အဝေးကို ဆုတ်သွားတာမှ မဟုတ်တာ၊ အနီးလေးမှာ ရှိနေသေးတယ်” ဟု ထိုအမျိုးသားက ဆက်ပြောသည်။

ဝင်စုကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ကင်းပုန်းဝပ်နေသည့် စစ်ကြောင်း ထွက်ခွာမသွားပါက အခြေအနေပြောင်းလဲသွားနိုင်ကြောင်း အခြားဒေသခံတစ်ဦး ပြောသည်။

“စစ်တပ်ဘက်က ဆုတ်ပေးရင်တော့ ဖြစ်မှာမဟုတ်ဘူး။ တကယ်လို့ သူတို့က အဲဒီ ဝင်စုဘုန်းတော်ကြီးကျောင်းမှာ ဒီအတိုင်းသာ ဆက်ရှိနေရင်တော့ တိုက်ပွဲဖြစ်မယ် ထင်ပါတယ်။ အခု ဝင်စုက ရွာသားအချို့လည်း မြို့ပေါ်ကို ထွက်ပြေးသွားကြတယ်လို့ သိရတယ်” ဟု သူက ဆိုသည်။

ဇန်နဝါရီ ၁၂ က စစ်တွေမြို့ ကိုးရီးယားဆိပ်ကမ်းအရှေ့ဘက် ကုလားတန်မြစ်အတွင်း စစ်ကောင်စီ၏ စစ်သင်္ဘောတစ်စီး ဆိုက်ကပ်ထားသည်ကို မြင်တွေ့ရကြောင်း မြို့ခံတချို့က ပြောဆိုပြီး လက်ရှိတွင် ရခိုင်မြောက်ပိုင်းမြို့နယ်အချို့၌ စစ်တပ်က စစ်ရေးလှုပ်ရှားမှုတချို့ ရှိနေသည်ဟု ဒေသခံများက ဆိုသည်။

ဒေသတွင်း ထူးခြားသည့် အခြေအနေနှင့် ပတ်သက်ပြီး စစ်တပ်နှင့် AA တာဝန်ရှိသူများထံ ဆက်သွယ်မေးမြန်းရန် ကြိုးပမ်းသော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပေ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် စစ်တပ်နှင့် AA အကြား နှစ်နှစ်ကျော်ကြာ အပြင်းအထန်ဖြစ်ပွားခဲ့သည့် ရခိုင်မြောက်ပိုင်းစစ်ပွဲသည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ကျင်းပမည့် နိုဝင်ဘာ ပထမအပတ်မှစ၍ နှစ်ဖက်နားလည်မှုဖြင့် ရုတ်တရက်ရပ်တန့်သွားခဲ့သည်။

ယင်းသို့ တိုက်ပွဲများရပ်တန့်နေခဲ့သည်မှာ တစ်နှစ်ခန့်ကြာပြီးနောက် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၉ တွင် မောင်တောမြို့နယ်မြောက်ပိုင်း AA ထိန်းချုပ်နယ်မြေအတွင်း စစ်တပ်က နယ်မြေကျော်လွန် ဝင်ရောက်လာမှုကြောင့် ထိတွေ့တိုက်ပွဲ တစ်ကြိမ်ဖြစ်ပွားခဲ့သည်။

ကျောက်တော်တွင် တိုက်ပွဲများ အပြင်းအထန်ဖြစ်ခဲ့ဖူးပြီး တင်းမကျေးရွာနှစ်ရွာ မီးရှို့ခံရပြီး ရွာသားအများအပြား ဖမ်းဆီးခံခဲ့ရသည်။ ၎င်းတို့၏ အခြေအနေ ယခုထက်ထိ သတင်းအစအနမရဘဲ ပျောက်ဆုံးနေသည်။ 

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button