အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မြောင်မြို့နယ်တွင် စစ်တပ်က ရွာသားငါးဦးကို သတ်ဖြတ်ကာ မီးရှို့ 

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် ခေါင်းကွဲကျေးရွာသို့ ယမန်နေ့ (ဒီဇင်ဘာ ၁၂) က ရောက်ရှိလာသည့် စစ်ကောင်စီတပ်က ကင်းစောင့်နေသော ရွာသားလေးဦးနှင့် စိတ်ကျန်းမာရေးမကောင်းသူတစ်ဦးကို သတ်ဖြတ်ပြီး မီးရှို့ထားခဲ့ကြောင်း ဒေသခံနှစ်ဦးထံမှ သိရသည်။

မြောင်မြို့နယ်နှင့် ထိစပ်နေသော ချင်းတွင်းမြစ်အရှေ့ဘက်ကမ်းရှိ ရွှေလှံကျေးရွာတွင် ဒီဇင်ဘာ ၁၀ ရက်မှစ၍ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နှင့် နှစ်ရက်ဆက်တိုက်ပွဲဖြစ်ပွားပြီးနောက် ပြန်ဆုတ်လာစဉ် စစ်တပ်က ခေါင်းကွဲရွာကို ဝင်ရောက်ကာ သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ 

“အင်္ကျီတွေ ချွတ်ပြီးတော့ မီးရှို့ခဲ့တာ။ အင်္ကျီတွေကို ဆေးပေးခန်းနဲ့ စာသင်ကျောင်းကြားမှာ ပုံခဲ့တာ ပြန်ရှာတွေ့တာ။ စိတ်မနှံ့တဲ့သူကျ သေနတ်သံကြားလို့ ဆဲတာကို ပစ်သတ်တာ” ဟု လုံခြုံရေးအရ အမည်ထုတ်မပြောနိုင်သူ ခေါင်းကွဲရွာဒေသခံ အမျိုးသားတစ်ဦးက Myanmar Now ကို ယနေ့ (ဒီဇင်ဘာ ၁၃) ပြောသည်။​

သတ်ဖြတ်ခံရသူများမှာ အသက် ၃၀ နှစ်အရွယ် ကိုမိုးမင်းဦး၊ ၂၆ နှစ်အရွယ် ကိုချမ်းမြေ့စည်သူကြည်၊ ၂၄ နှစ်အရွယ် ကိုထက်အောင်၊ ၃၇ နှစ်အရွယ် ကိုအောင်ကျော်ဇောနှင့် စိတ်ကျန်းမာရေးမကောင်းသူ ၃၅ နှစ်အရွယ် ကိုထွန်းထွန်းနိုင်တို့ဖြစ်သည်ဟု အထက်ပါ ခေါင်းကွဲရွာဒေသခံနှစ်ဦးထံမှ သိရသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

စစ်တပ်က ရွာထဲဝင်ရောက်စဉ် ရွာသားတစ်ဦးမှာ လက်ကို ကျည်ဆန်ထိမှန်ခဲ့သော်လည်း ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း၊ ရွာအတွင်း စုပုံမီးရှို့ထားသည့်အလောင်းများကို စစ်တပ်ထွက်သွားပြီးနောက်မှသာ တွေ့ခြင်းဖြစ်သည်ဟုလည်း ၎င်းတို့နှစ်ဦးက ဆိုသည်။​

ရေစကြိုမြို့နယ် ရွှေလှံကျေးရွာတွင် နှစ်ရက်တာတိုက်ပွဲအပြီး စစ်တပ်က ၎င်းတို့စခန်းချရာ မြောင်မြို့နယ် ကျောက်ရစ်ကျေးရွာသို့ တပ်ပြန်ဆုတ်စဉ် ခေါင်းကွဲကျေးရွာသို့ ဝင်ရောက်ကာ ရွာသားများကို သတ်ဖြတ်ခြင်းဖြစ်သည်ဟု မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM) နှင့်  မြင်းခြံတလုပ် PDF အဖွဲ့မှ တာဝန်ရှိသူများက ပြောသည်။ 

သတ်ဖြတ်မီးရှို့ခံထားရသည့် ခေါင်းကွဲရွာသားများကို ယမန်နေ့ (ဒီဇင်ဘာ ၁၂) ညနေပိုင်းက တွေ့ရစဉ်။ ( ဓာတ်ပုံ- ပေးပို့)

ရွှေလှံရွာတွင် စစ်ကောင်စီတပ်ကို အထက်ပါ PDF နှစ်ဖွဲ့အပြင် ထိုဒေသအနီးတစ်ဝိုက်ရှိ မဟာမိတ် PDF အဖွဲ့ ၁၁ ဖွဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။​ တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ရှစ်ဦးသေဆုံးပြီး သုံးဦးထိခိုက်ဒဏ်ရာရရှိသည်ဟု CDSOM က ဒီဇင်ဘာ ၁၁ တွင် ထုတ်ပြန်သည်။​ 

စစ်တပ်က လက်နက်ကြီးနှင့် စနိုက်ပါ အသုံးပြုတိုက်ခိုက်ခဲ့ရာ လက်နက်ချင်း မမျှ၍ ပြန်လည်ဆုတ်ခွာချိန်တွင် PDF အဖွဲ့ဝင် သုံးဦးသေဆုံးကာ သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မြင်းခြံတလုပ် PDF အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

“ရွာထဲပြန်ဝင်လို့ ရတဲ့အချိန်မှ သုံးယောက်ကျတာကို သိရတာ” ဟု ၎င်းက ဆိုသည်။

ရွှေလှံကျေးရွာအတွင်း နေအိမ်အချို့နှင့် ဆိုင်ကယ်အချို့ မီးရှို့ခံရကြောင်း၊ လက်ရှိတွင် စစ်တပ်က မြောင်မြို့နယ် ကျောက်ရစ်ကျေးရွာ၌ တပ်စွဲထားပြီး ရေစကြိုနှင့် မြောင်မြို့နယ်အတွင်း သောင်းဂဏန်းရှိ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေသည်ဟုလည်း ၎င်းက ဆက်ပြောသည်။​

မုံရွာ – မန္တလေးကားလမ်းမ၊ ချင်းတွင်းမြစ်နှင့် ဧရာဝတီမြစ်ကြားရှိ မြောင်မြို့နယ်တွင် ဒေသခံ PDF များ၏ အပြင်းအထန်ခုခံတော်လှန်မှုကို စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် ဖိနှိပ်ဖြိုခွင်းလျက်ရှိသည်။​

မြောင်မြို့နယ်အတွင်း မကြာခဏ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေကာ ပြီးခဲ့သည့် စက်တင်ဘာလဆန်းပိုင်းက ကျောက်ရစ်ရွာရဲစခန်းကို ဒေသခံ PDF က ဝင်ရောက်စီးနင်းပြီး စခန်းမှူးအပါအဝင် ရဲတပ်ဖွဲ့ဝင်သုံးဦးကို ဖမ်းဆီးခဲ့သည်။​

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button