အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

သထုံတွင် ဆိုင်ကယ်စီးလာသူနှစ်ဦးကို စစ်တပ်က ပစ်ခတ်ရာ တစ်ဦးသေဆုံး 

ဒီဇင်ဘာ ၆ ရက် ညက မွန်ပြည်နယ်၊ သထုံမြို့နယ် ဝါးဂုတ်ရွာအပြင်ဘက် အင်းကွဲတံတားအနီးရှိ စစ်သားများ၏ ပစ်ခတ်မှုကြောင့် ဆိုင်ကယ်တစ်စီးပေါ်မှ အမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံးကာ တစ်ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။

ဆိုင်ကယ်နောက်တွင် ထိုင်လိုက်လာသူ အသက် ၆၀ ခန့်အရွယ် ဦးမောင်ထွေး နေရာတွင်ပင် သေဆုံးကာ ဆိုင်ကယ်မောင်းနှင်သည့် သူ၏ တူဖြစ်သူ ၃၈ နှစ်အရွယ် ကိုသောင်းရွှေ ဒဏ်ရာရပြီး သထုံပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်လိုက်ရကြောင်း ဝါးဂုတ်ရွာခံတစ်ဦးက ဆိုသည်။

“ည ၈ နာရီကျော်ကျော်လောက်မှာ သေနတ်ပစ်သံကြားရတယ်၊ သုံးချက်။ ဆိုင်ကယ်မောင်းလာတုန်းမှာ ပစ်တာ။ ကင်းလှည့်တဲ့ စစ်သားနဲ့ တိုးလို့ဖြစ်မှာပေါ့နော်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ထိုအမျိုးသမီးက ဆိုသည်။

“(ရွာက) အရင်က လုံခြုံတဲ့နေရာပဲ ဘာပြဿနာမှ မရှိဘူးလေ။ စစ်တပ်တွေ ရောက်လာမှ အကုန်လုံးက ပြဿနာပေါင်း သောင်းရှစ်ထောင်လောက်ရှိတယ်။ ရွာက ကလေးတွေလည်း ခဏခဏ ဖမ်းပြီးတော့ နှိပ်စက်တာ ရှိတယ်။ ညအချိန်မတော်ထွက်တဲ့ပုံစံနဲ့ အကြောင်းပြပြီး ဖမ်းပြီးတော့ အချုပ်ထဲ ထည့်တာ” 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ယမန်နေ့ (ဒီဇင်ဘာ ၇) နံနက်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖနှင့် ပြည်သူ့စစ်အဖွဲ့ဝင်များက ဆေးရုံတွင် အလောင်းသွားရောက်ထုတ်ယူခဲ့ကြောင်း ရွာခံက ဆက်ပြောသည်။

သေဆုံးသူ ဦးမောင်ထွေး၏ မိသားစုဝင်နှင့် ဆွေမျိုးများသည် ဗိုလ်ချုပ်ကြီးများ တည်ထောင်ထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ထောက်ခံသူများဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ Myanmar Now က သထုံမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးကို ဖုန်းဆက်သွယ်ခဲ့သော်လည်း တာဝန်ကျရဲက ပြန်လည်ဖြေဆိုခြင်းမရှိသလို စစ်တပ်ကလည်း သတင်းထုတ်ပြန်ခြင်း မရှိပေ။

စစ်ကောင်စီတပ်သားတို့၏ လက်ချက်ကြောင့် အရပ်သား ၁၃၀၅ ဦး အနည်းဆုံး သေဆုံးခဲ့သည်ဟု ဖမ်းဆီးနှိပ်စက်သတ်ဖြတ်မှုများကို လက်လှမ်းမီသမျှ လေ့လာမှတ်တမ်းတင်နေသော နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီဇင်ဘာ ၇ တွင် ထုတ်ပြန်ထားသည်။

စစ်ကောင်စီက AAPP အသင်းက ထုတ်ပြန်သော ကိန်းဂဏန်းမှာ ချဲ့ကားထားခြင်းဖြစ်ကြောင်း၊ စစ်သားနှင့် ရဲများလည်း အသတ်ခံရကြောင်း တုံ့ပြန်ထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button