အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

တောင်သာတွင် စစ်တပ်က လူငယ်နှစ်ဦးကို ဖမ်းဆီးရိုက်နှက်ပြီး ရွာအတွင်းလှည့်ပြ 

မန္တလေးတိုင်း၊ တောင်သာမြို့နယ်တွင် စစ်တပ်က ၎င်းတို့ရိုက်နှက်ဖမ်းဆီးထားသည့် ဒေသခံလူငယ်နှစ်ဦးကို သွေးအလိမ်းလိမ်းဖြင့် ရွာအတွင်း လှည့်လည်ပြသခဲ့သည်ဟု နီးစပ်သူတစ်ဦးနှင့် ဒေသခံများထံမှ သိရသည်။ 

အသက် ၂၁ နှစ်အရွယ် ကိုကျော်ထက်ဝေနှင့် ၁၉ နှစ်အရွယ် ကိုအောင်မောင်းဆိုသူ လူငယ်နှစ်ဦးကို စစ်တပ်က နိုဝင်ဘာ ၂၁ တွင် ဖမ်းဆီးခဲ့ပြီး နောက်တစ်ရက်တွင် လူငယ်နှစ်ဦး၏ ဇာတိဖြစ်သည့် ရုံးပင်ရွာသို့ ခေါ်ဆောင်ကာ လိုက်လံပြသခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

လက်ပြန်ကြိုးတုပ်ပြီး ခေါင်းကို အဝတ်မည်းစည်းခံထားရသည့် လူငယ်နှစ်ဦးမှာ ဦးခေါင်းမှ ကျောပြင်အထိ သွေးများ စီးကျပေကျံနေကြောင်း မျက်မြင်တွေ့ရှိသူတစ်ဦးထံမှ ပြန်လည်သိရှိရသည်ကို ဖမ်းဆီးခံ ကိုကျော်ထက်ဝေ၏ ဆွေမျိုးနီးစပ်တစ်ဦးက Myanmar Now ကို ယနေ့ (နိုဝင်ဘာ ၂၃) တွင် ပြောသည်။

အဆိုပါ လူငယ်နှစ်ဦးကို ဖမ်းဆီးပြီး ရုံးပင်ရွာသို့ ခေါ်ဆောင်လာချိန်တွင် မိဘဆွေမျိုးများ နေထိုင်ရာ နေအိမ်ကို လိုက်လံပြသခဲ့ပြီး၊ ဆွေမျိုးများမှ ထွက်ပြေးတိမ်းရှောင်နေသဖြင့် စစ်ဆေးမေးမြန်းခံရခြင်း မရှိဟု ဆိုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ရွာအတွင်း လူငယ်နှစ်ဦးကို ခေါ်ဆောင်လာစဉ် စစ်သားများက “မင်းတို့ PDF ခေါင်းဆောင်ကို ကြည့်ဦး”  ဆိုကာ ရိုက်နှက်ခြိမ်းခြောက်ကြောင်း အခြားဒေသခံတစ်ဦးက Myanmar Now ကို ပြောသည်။ 

အဆိုပါ ဒေသခံမှာ လုံခြုံရေးအရ ထွက်ပြေးတိမ်းရှောင်နေရသူဖြစ်ကာ ရွာတွင်ကျန်နေခဲ့သူအချို့၏ တစ်ဆင့်ပြန်လည်ပြောပြချက်အရ သိရခြင်းဖြစ်သည်။ ထိုရုံးပင်ရွာတွင် စစ်တပ်က တပ်စွဲထား၍ ရွာခံများကို Myanmar Now က ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပေ။  

ကိုကျော်ထက်ဝေမှာ အာဏာသိမ်းမှုဆန့်ကျင်သည့် ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သော်လည်း လက်နက်ကိုင်တော်လှန်ခြင်း မရှိဟုလည်း အထက်ပါ ဆွေမျိုးတော်စပ်သူက ပြောသည်။ 

ဖေဖော်ဝါရီ ၁ အာဏာသိမ်းသည့်နေ့မှစ၍ နိုဝင်ဘာ ၂၂ အထိ အာဏာသိမ်းစစ်ကောင်စီလက်ချက်ဖြင့် အရပ်သားပြည်သူ ၁၂၈၆ ဦး သေဆုံးပြီး လူတစ်သောင်းကျော် ဖမ်းဆီးခံရသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။ 

အာဏာသိမ်းပြီး ကိုးလကျော်ကြာသည်အထိ အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးသတ်ဖြတ်ခြင်းများ ရပ်တန့်သွားခြင်း မရှိဘဲ နေ့စဉ်နှင့်အမျှ ဖြစ်ပွားနေဆဲဖြစ်သည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button