အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်တပ်က ဩစတြေးလျဆက်သွယ်ရေးရေဒီယိုများ ဝယ်ယူအသုံးပြုနေ

မြန်မာစစ်တပ်သည် ဩစတြေးလျကုမ္ပဏီသုံးခုထံမှ ဆက်သွယ်ရေးရေဒီယိုများ၊ စက်ကိရိယာနှင့် နည်းပညာများ ဝယ်ယူအသုံးပြုနေကြောင်း စစ်တပ်နှင့် ပတ်သက်ဆက်နွှယ်သည့် စစ်တပ်၏ အကျိုးစီးပွားများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများအကြောင်း ဖော်ထုတ်နေသည့် Justice For Myanmar အဖွဲ့က ယမန်နေ့ (အောက်တိုဘာ ၁၈) က ထုတ်ပြန်သည်။ 

ဩစတြေးလျကာကွယ်ရေးပစ္စည်းကုမ္ပဏီ Barrett Communication ၏ ရေဒီယိုများကို စစ်ဘက်လေယာဉ် အများအပြားဆင်းသက်သည့် လေဆိပ်များတွင် တပ်ဆင်အသုံးပြုနေပြီး အခြားဩစတြေးလျကုမ္ပဏီများဖြစ်သည့် Codan နှင့် RFDesign ကုမ္ပဏီထုတ် ရေဒီယိုများနှင့် ရေဒီယိုလှိုင်းထုတ်လွှင့်/ဖမ်းယူနိုင်သည့် မိုဒန်များ (Ultra-long range telemetry modems) ဝယ်ယူအသုံးပြုနေကြောင်း Justice For Myanmar အဖွဲ့က ဆိုသည်။

“ဩစတြေးလျအစိုးရက အခုချိန်မှာ မြန်မာပြည်သူတွေကို ရန်ပြုတိုက်ခိုက်နေတဲ့ အဲ့ဒီအကြမ်းဖက်အဖွဲ့အစည်းကို ဒီစက်ပစ္စည်းတွေ ရောင်းချနေတာကို ဘာကြောင့်ခွင့်ပြုနေပါသလဲ။ ဩစတြေးလျအစိုးရအနေနဲ့ ဒီပို့ကုန်တွေကို ခွင့်ပြုနေတာဟာ ကြံရာပါလုပ်နေသလားဆိုတာကို ကျွန်မတို့ သိချင်ပါတယ်” ဟု Justice For Myanmar အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ဆိုသည်။

Barrett ကုမ္ပဏီသည် မြန်မာစစ်တပ်ကို စက်ပစ္စည်းများရောင်းချပေးနေသည်မှာ နှစ်ပေါင်း ၂၀ နီးပါး ရှိနေပြီး ပေါက်ကြားလာသော ပစ္စည်းဝယ်ယူရေးစာရွက်စာတမ်းတစ်ခုအရ ၂၀၂၀ နိုဝင်ဘာက ရေဒီယိုဆက်သွယ်ရေးစက်များအတွက် စစ်ပစ္စည်းအစိတ်အပိုင်းများဝယ်ယူရန် စစ်တပ်က ကြိုးစားခဲ့သည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ထိုစာရွက်စာတမ်းများအရ Barrett ၏ PRC-2090 ရွှေ့ပြောင်းသယ်ယူရလွယ်ကူသည့် စစ်ဘက်သုံးဆက်သွယ်ရေးပစ္စည်းများအတွက် လက်ကိုင်စကားပြောစက်၊ ဘက်ထရီထုပ်များ၊ ရုပ်သံကြည့်ဖန်သားပြင်မော်ကျူး၊ စက်အတွင်းပိုင်း မိုဒန်များ၊ အင်တာနာဖမ်းယူနစ်များနှင့် မီးအားမြှင့်စက်များ ဝယ်ယူရေးဖြစ်သည်။ 

အဆိုပါစက်ပစ္စည်းများသည် လုံခြုံစွာရေဒီယိုအသံလှိုင်းထုတ်လွှင့်နိုင်ရန် ဒီဇိုင်းထုတ်ထားပြီး ဩစတြေးလျ၏ ဒဏ်ခတ်ပိတ်ဆို့မှုစနစ်အရ မြန်မာသို့ တင်ပို့ရောင်းချရန် တားမြစ်ထားကြောင်း Justice For Myanmar က ဆိုသည်။

ဩစတြေးလျအစိုးရ၏ ခွင့်ပြုချက်ဖြင့် ၂၀၁၇ တွင် စက်ပစ္စည်းများနောက်ဆုံးရောင်းချခဲ့ပြီး ရောင်းဝယ်မှုအားလုံးသည် စီးပွားရေးအတွက်သာဖြစ်ကြောင်း၊ PRC-2090 အစိတ်အပိုင်းများကို ကြားခံရောင်းချသူများက ရောင်းချခြင်းဖြစ်ကြောင်း Barrett ကုမ္ပဏီက တုံ့ပြန်ခဲ့သည်ဟု သိရသည်။

Codan Limited နှင့် RFDesign Pty Ltd ကုမ္ပဏီနှစ်ခုကမူ တုံ့ပြန်ပြောဆိုမှုမရှိကြောင်း Justice For Myanmar အဖွဲ့က ဆိုသည်။

Barrett Communication ၏ စက်ပစ္စည်းများရောင်းချမှုသည် ဩစတြေးလျ၏ ပို့ကုန်ကန့်သတ်ချက်ကို ဖောက်ဖျက်ကျူးလွန်ပါက အရေးယူရန်၊ မြန်မာနိုင်ငံသို့ စက်ပစ္စည်းများ ထပ်မံမတင်ပို့ရန် လိုကြောင်း မရတနာမောင်က ဆိုသည်။

ဩစတြေးလျအစိုးရအနေဖြင့် အစိုးရအဆက်ဆက် မြန်မာစစ်တပ်နှင့် တပူးပူးတတွဲတွဲလုပ်နေပြီး လက်ရှိ အာဏာသိမ်းထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စီးပွားရေးဒဏ်ခတ်ပိတ်ဆို့ခြင်းမရှိဘဲ လက်ပိုက်ကြည့်နေသည်ကို စိတ်ပျက်မိကြောင်းလည်း ၎င်းက ဝေဖန်သည်။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles