အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ထန်တလန်မြို့တိုက်ခိုက်မှုတွင် စစ်သား ၂ ဦး သေ၊ အရပ်သား ၄ ဦး ဒဏ်ရာရ 

ချင်းပြည်နယ်၊ ထန်တလန်မြို့တွင် ယမန်နေ့ (စက်တင်ဘာ ၉)၌ စစ်ကောင်စီတပ်ကို CDF (ထန်တလန်) အဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးသွားကာ ဒေသခံ ၄ ဦး ဒဏ်ရာရခဲ့သည်။ 

ယမန်နေ့ မွန်းလွဲ ၁ နာရီခန့်၌ ထန်တလန်မြို့အတွင်း စစ်ဆေးမှုများလုပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ကို ရှောင်တခင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးခဲ့သည်ဟု CDF (ထန်တလန်) အဖွဲ့ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

“ဒီအရင်ကတည်းက သူတို့က နေရာတိုင်း၊ အိမ်တိုင်းကို ဝင်ပြီးတော့ ဖုန်းတွေစစ်တာတွေ၊ ဧည့်စာရင်းစစ်တာတွေ လုပ်တာလေ။ အဲဒါကြောင့် ပြည်သူတွေကို နှောင့်ယှက်လို့ ကျွန်တော်တို့ကလည်း ပစ်တာ” ဟု ၎င်းက ပြောသည်။  

ထိုသို့တိုက်ခိုက်ပြီးနောက် CDF (ထန်တလန်) ချက်ချင်းဆုတ်ခွာခဲ့ပြီး အထိနာသွားသည့် စစ်ကောင်စီတပ်က မြို့တွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်ခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် မြို့တွင်းရှိ နေအိမ်တချို့ကို လက်နက်ငယ်ကျည်ဆန်များထိမှန်ခဲ့သည့်အပြင် မြို့ပေါ်ရပ်ကွက်ရှိ အိမ်တစ်လုံး လက်နက်ကြီးထိမှန်ပြီး မီးလောင်ပျက်စီးခဲ့သည်။

တိုက်ပွဲပြီးနောက် စစ်ကောင်စီတပ်သားအများအပြားက မြို့တွင်း၌ ပိတ်ဆို့စစ်ဆေးမှုများလုပ်ခဲ့ပြီး ယနေ့မနက်မှာလည်း မြို့ပေါ်ရှိနေအိမ်တချို့ကို ဝင်စစ်သကဲ့သို့  လမ်းမများပေါ်တွင် တားဆီးစစ်ဆေးနေသည်ဟု ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီအနေဖြင့် ထန်တလန်မြို့သူ၊ မြို့သားများအပေါ် အကြမ်းဖက်မှုများ၊ ညအချိန် ဧည့်စာရင်းစစ်ဆေးမှုများနှင့် ပြည်သူများ၏ လုံခြုံရေးကို ဆက်လက်နှောင့်ယှက်နေမည်ဆိုပါက အမြစ်ပြတ်ချေမှုန်းခြင်းကို ခံရမည်ဟု CDF (ထန်တလန်) က သတိပေးထားသည်။

ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်တစ်ဝန်းလုံးရှိ လူငယ်များက Chinland Defence Force (CDF) ကို မြို့နယ်များအလိုက် ဖွဲ့စည်းခဲ့ပြီး စစ်ကောင်စီကို လက်နက်ကိုင်တိုက်ခိုက်လျက်ရှိသည်။

စက်တင်ဘာ ၇ တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြည်သူ့ခုခံစစ်စတင်ကြောင်း ကြေညာပြီးနောက် ချင်းပြည်နယ်၊ ဟားခါးမြို့တွင် တိုက်ခိုက်မှုများဖြစ်ပေါ်ခဲ့ပြီး ထန်တလန်မြို့တွင်လည်း ယခုလိုတိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတစ်ဝန်း စစ်ကောင်စီကို ခုခံတိုက်ခိုက်မှုများတွင် ချင်းပြည်နယ်ကလည်း ထိပ်ဆုံးမှ ပါဝင်နေပြီး ဟားခါး၊ ဖလမ်း၊ ထန်တလန်နှင့် မင်းတပ်မြို့နယ်များတွင် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ရာနှင့်ချီကာ သေဆုံးကြောင်း သက်ဆိုင်ရာ CDF များက ထုတ်ပြန်ထားသည်။ 

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6pe

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button