စီရင်ချက် (၁)- ထောက်ခံမဲ ၉ မဲ၊ ကန့်ကွက်မဲ ၆ မဲ
မြန်မာနိုင်ငံသည် လူမျိုးသုဉ်းသတ်ဖြတ်မှု ရာဇဝတ်မှုကျူးလွန်ခြင်းမှ ကာကွယ်တားဆီးခြင်းနှင့် အပြစ်ပေး အရေးယူခြင်း ကွန်ဗင်းရှင်း၏ တာဝန်ဝတ္တရားများကို ချိုးဖောက်၍ ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ရိုဟင်ဂျာများကို လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း တရားရုံးက တွေ့ရှိသည်။
စီရင်ချက် (၂)- ထောက်ခံမဲ ၉ မဲ၊ ကန့်ကွက်မဲ ၆ မဲ
မြန်မာနိုင်ငံသည် လူမျိုးသုဉ်းသတ်ဖြတ်မှု ရာဇဝတ်မှုကျူးလွန်ခြင်းမှ ကာကွယ်တားဆီးခြင်းနှင့် အပြစ်ပေး အရေးယူခြင်း ကွန်ဗင်းရှင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်အတူ လူပုဂ္ဂိုလ်များက လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်ခြင်းကို ကာကွယ်တားဆီးရန် ၎င်း၏တာဝန်ဝတ္တရားကို ချိုးဖောက်ခဲ့ကြောင်း တရားရုံးက တွေ့ရှိသည်။
စီရင်ချက် (၃)- ထောက်ခံမဲ ၁၄ မဲ၊ ကန့်ကွက်မဲ ၁ မဲ
မြန်မာနိုင်ငံသည် လူမျိုးသုဉ်းသတ်ဖြတ်မှု ရာဇဝတ်မှုကျူးလွန်ခြင်းမှ ကာကွယ်တားဆီးခြင်းနှင့် အပြစ်ပေးအရေးယူခြင်း ကွန်ဗင်းရှင်း၏ တာဝန်ဝတ္တရားများကို ချိုးဖောက်၍ ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ရိုဟင်ဂျာလူမျိုးစုအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်ရန် တိုက်ရိုက်နှင့် လူသိထင်ရှား လှုံ့ဆော်ခဲ့ခြင်းမရှိဟု တရားရုံးက တွေ့ရှိသည်။
စီရင်ချက် (၄)- ထောက်ခံမဲ ၁၁ မဲ၊ ကန့်ကွက်မဲ ၄ မဲ
မြန်မာနိုင်ငံသည် လူမျိုးသုဉ်းသတ်ဖြတ်မှု ရာဇဝတ်မှုကျူးလွန်ခြင်းမှ ကာကွယ်တားဆီးခြင်းနှင့် အပြစ်ပေးအရေးယူခြင်း ကွန်ဗင်းရှင်း၏ ပုဒ်မ ၃ အောက်ရှိ ပုဒ်မခွဲများပါ လူမျိုးသုဉ်း သတ်ဖြတ်ခြင်းနှင့် အခြားပြစ်မှုများကို အပြစ်ပေးအရေးယူရန်ဆိုသော ၎င်း၏တာဝန်ဝတ္တရားကို ချိုးဖောက်ခဲ့ကြောင်း တရားရုံး က တွေ့ရှိသည်။
စီရင်ချက် (၅)- ထောက်ခံမဲ ၁၄ မဲ၊ ကန့်ကွက်မဲ ၁ မဲ
မြန်မာနိုင်ငံသည် လူမျိုးသုဉ်းသတ်ဖြတ်မှု ရာဇဝတ်မှုကျူးလွန်ခြင်းမှ ကာကွယ် တားဆီးခြင်းနှင့် အပြစ်ပေးအရေးယူခြင်း ကွန်ဗင်းရှင်း၏ ပြဋ္ဌာန်းချက်များကို ကျင့်သုံးနိုင်ရန် လိုအပ်သော ဥပဒေပြုခြင်း လုပ်ဆောင်ရန်ဆိုသော ၎င်း၏ တာဝန်ဝတ္တရားကို ချိုးဖောက်ခဲ့ကြောင်း တရားရုံးက တွေ့ရှိသည်။
စီရင်ချက် (၆)- ထောက်ခံမဲ ၁၄ မဲ၊ ကန့်ကွက်မဲ ၁ မဲ
မြန်မာနိုင်ငံသည် လူမျိုးသုဉ်းသတ်ဖြတ်မှု ရာဇဝတ်မှုကျူးလွန်ခြင်းမှ ကာကွယ်တားဆီးခြင်းနှင့် အပြစ်ပေးအရေးယူခြင်း ကွန်ဗင်းရှင်းအောက်ရှိ ၎င်း၏ တာဝန်ဝတ္တရားများကို အပြည့်အဝ အကောင်အထည်ဖော်ရန် ဥပဒေပြုခြင်းဖြင့် ကွန်ဗင်းရှင်း၏ ပုဒ်မ ၄ ပြဋ္ဌာန်းချက်ပါ တာဝန်ဝတ္တရားများ ဆက်လက်ချိုးဖောက်နေခြင်းကို အဆုံးသတ်ရမည်ဟု တရားရုံးက ဆုံးဖြတ်သည်။
စီရင်ချက် (၇)- ထောက်ခံမဲ ၁၃ မဲ၊ ကန့်ကွက်မဲ ၂ မဲ
မြန်မာနိုင်ငံသည် ၂၀၁၇ ခုနှစ် နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးများနှင့် စပ်လျဉ်း၍ လူမျိုးသုဉ်းသတ်ဖြတ်မှု ရာဇဝတ်မှုကျူးလွန်ခြင်းမှ ကာကွယ်တားဆီးခြင်းနှင့် အပြစ်ပေးအရေးယူခြင်း ကွန်ဗင်းရှင်း၏ ပုဒ်မ ၃ ကို ဆန့်ကျင်သော လုပ်ရပ်များကို ကျူးလွန်ခဲ့သည်ဟု ကျိုးကြောင်းဆီလျော်စွာ သံသယ ရှိသော လူပုဂ္ဂိုလ်အားလုံးကို စုံစမ်းစစ်ဆေးရန်နှင့် ကျူးလွန်ကြောင်းတွေ့ရှိရလျှင် ၎င်းတို့ကို တရားစွဲ ပြစ်ဒဏ်ချမှတ်ရန် ချက်ချင်းနှင့် ထိရောက်သော အရေးယူမှုများ လုပ်ဆောင်ရမည်ဟု တရားရုံးက ဆုံးဖြတ်သည်။
စီရင်ချက် (၈)- ထောက်ခံမဲ ၉ မဲ၊ ကန့်ကွက်မဲ ၆ မဲ
မြန်မာနိုင်ငံသည် လူမျိုးသုဉ်းသတ်ဖြတ်မှု ရာဇဝတ်မှုကျူးလွန်ခြင်းမှ ကာကွယ်တားဆီးခြင်းနှင့် အပြစ်ပေးအရေးယူခြင်း ကွန်ဗင်းရှင်းအောက်ရှိ ၎င်း၏ တာဝန်ဝတ္တရားများကို ထပ်မံ ချိုးဖောက်ခြင်းမရှိစေရန်နှင့် အနာဂတ်တွင် အလားတူချိုးဖောက်မှုများ ဖြစ်ပွားခြင်းမှ တားဆီးကာကွယ်ရန် အာမခံချက်များ ပေးရမည်ဟု တရားရုံးက ဆုံးဖြတ်သည်။
စီရင်ချက် (၉)- ထောက်ခံမဲ ၁၀ မဲ၊ ကန့်ကွက်မဲ ၅ မဲ
မြန်မာနိုင်ငံသည် ဤတရားစီရင်ချက်၏ စာပိုဒ် ၆၁၅ တွင် ဖော်ပြထားသော ဆုံးရှုံးခဲ့သော ပိုင်ဆိုင်မှုများကို ပြန်လည်ပေးအပ်ရေး အစီအစဉ်ကို အကောင်အထည်ဖော်ရန် တာဝန်ရှိသည်ဟု တရားရုံးက ဆုံးဖြတ်သည်။
စီရင်ချက် (၁၀)- ထောက်ခံမဲ ၁၀မဲ၊ ကန့်ကွက်မဲ ၅ မဲ
မြန်မာနိုင်ငံသည် လူမျိုးသုဉ်းသတ်ဖြတ်မှု ရာဇဝတ်မှုကျူးလွန်ခြင်းမှ ကာကွယ်တားဆီးခြင်းနှင့် အပြစ်ပေးအရေးယူခြင်း ကွန်ဗင်းရှင်းအောက်ရှိ ၎င်း၏ တာဝန်ဝတ္တရားများကို ချိုးဖောက်ခဲ့ခြင်းကြောင့် ဖြစ်ပေါ်ခဲ့သော ရိုဟင်ဂျာလူမျိုးစုနှင့် အဖွဲ့ဝင်များ၏ ဆုံးရှုံးခဲ့သော ပိုင်ဆိုင်မှုများကို ပြန်လည် ပေးအပ်ရန် မဖြစ်နိုင်လျှင် လျော်ကြေးပေးအပ်ရန် တာဝန်ရှိသည်ဟု တရားရုံးက ဆုံးဖြတ်သည်။
စီရင်ချက် (၁၁)- ထောက်ခံမဲ ၁၀ မဲ၊ ကန့်ကွက်မဲ ၅ မဲ
ရိုဟင်ဂျာလူမျိုးစုနှင့် အဖွဲ့ဝင်များကို လျော်ကြေးပေးခြင်း သို့မဟုတ် အခြားသော နစ်နာကြေး ပမာဏနှင့် ပေးအပ်မည့်နည်းလမ်းများဆိုင်ရာ မေးခွန်းနှင့် စပ်လျဉ်း၍ ဤတရားရုံးတော်က ဖြေရှင်းဆောင်ရွက်မည်၊ မြန်မာနိုင်ငံသည် ဤစီရင်ချက်ချမှတ်ပြီးနောက် နှစ်နှစ် အတွင်း စီရင်ချက် စာပိုဒ် ၆၂၅ တွင်ဖော်ပြထားသော အစီရင်ခံစာကို တရားရုံးတော်သို့ တင်သွင်းရမည်၊ ဤရည်ရွယ်ချက်အတွက် နောက်ဆက်တွဲ လုပ်ငန်းစဉ်များကို တရားရုံးတော်က ဆက်လက်ဆောင်ရွက်ရမည်ဟု ဆုံးဖြတ်သည်။
စီရင်ချက် (၁၂)- ထောက်ခံမဲ ၁၁ မဲ၊ ကန့်ကွက်မဲ ၄ မဲ
မြန်မာနိုင်ငံသည် လူမျိုးသုဉ်းသတ်ဖြတ်မှု ရာဇဝတ်မှုကျူးလွန်ခြင်းမှ ကာကွယ် တားဆီးခြင်းနှင့် အပြစ်ပေးအရေးယူခြင်း ကွန်ဗင်းရှင်း၏ ပုဒ်မ ၂ ၏ နယ်ပယ်အတွင်း ကျူးလွန်ခဲ့သော စွပ်စွဲချက်များနှင့် စပ်လျဉ်း၍ သက်သေခံအထောက်အထားများကို ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် ဖျက်ဆီးခြင်းမှ ကာကွယ်ရန် ထိရောက်စွာ အရေးယူဆောင်ရွက်ရေး အရေးပေါ်အမိန့်များ ထုတ်ပြန်ရန် ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ချမှတ်ခဲ့သော တရားရုံးအမိန့်၏ စာပိုဒ် ၈၃ (၃) ပါ တာဝန်ဝတ္တရားကို ချိုးဖောက်ခဲ့သည်ဟု တရားရုံးက တွေ့ရှိရသည်။
စီရင်ချက် (၁၃)- ကန့်ကွက်မဲ မရှိ
ဂမ်ဘီယာနိုင်ငံ၏ အခြားတင်ပြချက်အားလုံးကို တရားရုံးက ကန့်ကွက်သည်။



