
“သပိတ်စုံ သူပုန်ထ” ဆိုသည့်ခေါင်းစဥ်ဖြင့် ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ကျောက်မြောင်းတွင် ယနေ့နံနက်အစောပိုင်း က စစ်အာဏာရှင်ဖြုတ်ချရေး ဆန္ဒပြခဲ့ကြသည်။
ထင်ရှားသော ကျူးဘားတော်လှန်ရေးခေါင်းဆောင် ချေဂွေဗားရား၏မွေးနေ့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြလှုပ်ရှားမှုကို မြို့နယ်သပိတ်အဖွဲ့များ၊ ကျောင်းသားသမဂ္ဂများနှင့် အထွေထွေသပိတ်ကော်မတီ -GSC တို့ပူးပေါင်းပြီး ဆန္ဒပြခဲ့ခြင်းဖြစ်သည်ဟု အထွေထွေ သပိတ်ကော်မတီကထုတ်ပြန်သည်။
ဆန္ဒပြပွဲတွင် လူငယ် ၂၀၀ နီးပါး ပါဝင်ခဲ့ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးနှင့် ဒီမိုကရေစီ ရရှိရေး ဆန္ဒပြကြွေးကြော်၍ ကျောက်မြောင်းလမ်းမှ တစ်ဆင့် ဗညားဒလလမ်းမကြီးပေါ်အထိ ချီတက်ဆန္ဒပြခဲ့ကြသည်။
[youtube https://youtu.be/MbR2eT_87nk]



