အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ပြုရန် အာဆီယံအထူးကိုယ်စားလှယ် တောင်းဆို 

မြန်မာနိုင်ငံခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရန် စစ်ခေါင်းဆောင်များကို တောင်းဆိုထားကြောင်း အာဆီယံအထူးကိုယ်စားလှယ် ဘရူနိုင်းဒုတိယနိုင်ငံခြားရေးဝန်ကြီးက ပြောကြားသည်ဟု Reuters သတင်းဌာနက ယမန်နေ့ (စင်တဘာ ၄) တွင် ရေးသားသည်။

“သူတို့ (စစ်ကောင်စီ) ဘက်က အခြေအနေထူးခြားမလာသေးဘူး။ သူတို့ဘက်က ရှင်းရှင်းလင်းလင်း မရှိသေးဘူး” ဟု ဩဂုတ်လဆန်းပိုင်းတွင် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခံခဲ့ရသူ Erywan Yusof က ပြောသည်။

အောက်တိုဘာလနှောင်းပိုင်းတွင် ကျင်းပရန်ရှိသည့် အာဆီယံခေါင်းဆောင်များ၏ ထိပ်သီးဆွေးနွေးပွဲမတိုင်မီ မြန်မာနိုင်ငံကို သွားရောက်လည်ပတ်လိုသော်လည်း မည်သည့်နေ့ရက်တွင် သွားရောက်နိုင်မည်ကို အတည်မပြုရသေးကြောင်းလည်း ၎င်းက ပြောသည်။

“မြန်မာနိုင်ငံကို ချက်ချင်းသွားဖို့လိုပါတယ်။ အဲလိုမသွားခင် ကျွန်တော့်အနေနဲ့ သေချာတဲ့ အာမခံချက်ရှိရပါမယ်။ အဲမှာကျွန်တော်လုပ်ရမလဲ၊ ဘာတွေလုပ်ခွင့်ပြုမယ်ဆိုတာမျိုး ရှင်းရှင်းလင်းလင်း ပုံပေါ်နေရပါတယ်” ဟု အာဆီယံအထူးကိုယ်စားလှယ်ဖြစ်သူက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော စစ်ကောင်စီကို တောင်းဆိုထားပြီးဖြစ်သော်လည်း ထိုအချက်သည် အချက်ငါးချက်ပါ အာဆီယံဘုံသဘောတူညီချက်အရ လိုအပ်ချက်မဟုတ်ဟုလည်း ၎င်းက ပြောသည်။

အာဆီယံဘုံသဘောတူညီချက်အရ မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများအဆုံးသတ်ရေး သက်ဆိုင်သူအားလုံး တွေ့ဆုံဆွေးနွေးရန်ဖြစ်သည်ဟု ဘရူနိုင်းဒုနိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။ 

“ဒီကိစ္စပါပဲ။ မြန်မာနိုင်ငံက လက်ရှိအာဏာပိုင်တွေကို ကျွန်တော်ပြောနေတာ။ ကျွန်တော့်အနေနဲ့ သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံဖို့လိုပါတယ်။ ညှိနှိုင်းနေဆဲဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။ 

အာဆီယံအထူးကိုယ်စားလှယ်၏ အခန်းကဏ္ဍအတွက် မြန်မာ့အိမ်နီးချင်း အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့ပါဝင်သော အကြံပေးအဖွဲ့ ဖွဲ့စည်းရန်လည်း စဉ်းစားနေသည်ဟု ဆိုသည်။

တရုတ်နိုင်ငံ၏ အာရှရေးရာအထူးသံတမန်သည် နေပြည်တော်သို့ တစ်ပတ်ကြာသွားရောက်ခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရန် မြန်မာစစ်ခေါင်းဆောင်များကို တောင်းဆိုထားကြောင်း အာဆီယံအထူးကိုယ်စားလှယ်က ထုတ်ဖော်ပြောကြားလာခြင်း ဖြစ်သည်။ 

အာရှရေးရာအထူးသံ Sun Guoxiang ၏ တစ်ပတ်ကြာ မြန်မာနိုင်ငံခရီးစဉ်အကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဩဂုတ် ၃၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီး အာဆီယံဘုံသဘောတူညီချက် အကောင်အထည်ဖော်ရေးအစီအစဉ်ကို တရုတ်နိုင်ငံက ထောက်ခံကြောင်း ဖော်ပြခဲ့သည်။

သို့သော် တရုတ်အထူးသံ၏ခရီးစဉ်နှင့် ပတ်သက်၍ အာဏာသိမ်းစစ်ကောင်စီက ယနေ့အချိန်ထိ တစ်စုံတစ်ရာထုတ်ဖော်ပြောကြားခြင်း မရှိသည့်နည်းတူ အာဆီယံအထူးကိုယ်စားလှယ်၏ ခရီးစဉ်အပေါ်လည်း တစ်စွန်းတစ်စမျှ ပြောကြားခြင်း မရှိပေ။

အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တွင် ဧပြီ ၂၄ ရက်က ကျင်းပခဲ့သည့် အာဆီယံခေါင်းဆောင်များ၏ မြန်မာ့အရေးထိပ်သီးဆွေးနွေးပွဲတွင် အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လည်း တက်ရောက်ခဲ့ပြီး ထိုအစည်းအဝေးမှနေ၍ အချက်ငါးချက်ပါ အာဆီယံဘုံသဘောတူညီချက် ထွက်ပေါ်ခဲ့သည်။

အာဆီယံဘုံသတောတူညီချက်ကို အကောင်အထည်ဖော်ရန် တရုတ်နှင့် အမေရိကန်အပါအဝင် နိုင်ငံတကာက ဖိအားပေးလျက်ရှိသော်လည်း သဘောတူညီချက်အရ ခန့်အပ်ခံထားရသည့် အာဆီယံအထူးကိုယ်စားလှယ်သည်ပင် မြန်မာနိုင်ငံသို့ လာရောက်နိုင်ခြင်း မရှိသေးပေ။

မြန်မာ့အရေးအာဆီယံထူးကိုယ်စားလှယ်ခန့်၍ ကြားဝင်ဆောင်ရွက်မှုမှာ အချိန်ဆွဲမရသည့်နည်းတူ အာဏာသိမ်းစစ်တပ်၏ သဘောဆန္ဒအတိုင်း လုပ်ဆောင်ပါက အောင်မြင်မှုရမည်မဟုတ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားထားသည်။ 

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6pe

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button