အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

အီရန်ခေါင်းဆောင် ဈာပနမှာ ထရမ့်ကို လုပ်ကြံဖို့ လှုံ့ဆော်မှုတွေ ပေါ်ပေါက်

အီရန်နိုင်ငံရဲ့ အမြင့်ဆုံးခေါင်းဆောင် အယာတိုလာ အလီ ခါမေနီရဲ့ ဈာပနကို မြို့တော် တီဟီရန်မှာ ကျင်းပနေပြီး ဒီအခမ်းအနားမှာ အမေရိကန်သမ္မတ ထရမ့်ကို လုပ်ကြံသတ်ဖြတ်ဖို့ လှုံ့ဆော်မှုတွေ ပေါ်ပေါက်လာခဲ့ပါတယ်။

ဈာပန အခမ်းအနားကို တီဟီရန်မြို့ရှိ အီမာမ် ခိုမေနီ ဗလီဝတ်ကျောင်းတော်ကြီးမှာ ကျင်းပနေတာ ဖြစ်ပြီး အခမ်းအနားကို တက်ရောက်လာသူတွေဟာ အီရန်နိုင်ငံရဲ့ အလံနဲ့ သေဆုံးသွားသူ အီရန်ခေါင်းဆောင် အလီ ခါမေနီရဲ့ ဓာတ်ပုံနဲ့ အနီရောင်အလံတွေကို ကိုင်ဆောင်လာကြတယ်လို့ နိုင်ငံတကာ သတင်းဌာနတွေက ဖော်ပြကြပါတယ်။

သွေးကြွေးဆပ်တဲ့အနေနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို ပြန်လည် လုပ်ကြံသတ်ဖြတ်ဖို့  အလီ ခါမေနီရဲ့  ဈာပနအခမ်းအနားမှာ ကဗျာရွတ်ဆိုခွင့်ရခဲ့တဲ့ အီရန်တော်လှန်ရေး ကဗျာဆရာ မိုဟမ္မဒ် ရာဆူလီက အခမ်းအနား တက်ရောက်လာသူတွေကို လှုံ့ဆော်ခဲ့ပြီး  “ဒါဟာ ကျွန်တော်တို့ရဲ့ တာဝန်ပဲ” လို့ သူက ပြောဆိုခဲ့ပါတယ်။

တက်ရောက်လာသူ အများစုကတော့ မိုဟမ္မဒ် ရာဆူလီရဲ့ ပြောဆိုချက်ကို  ထောက်ခံအားပေးပြီး သောင်းသောင်းဖျဖျ ကြွေးကြော်ခဲ့တယ်လို့ The Guardian သတင်းမှာ ဖော်ပြပါတယ်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles