
မြို့ပြပြောက်ကျားတော်လှန်ရေးတပ်ဦး (UGRF) သည် ဇူလိုင်လသုံးရက် တစ်နေ့တည်းတွင် ပြည်ခိုင်ဖြိုးက အကျိုးအမြတ်ရရှိနေသည့် သင်္ဃန်းကျွန်းမြို့နယ်က Music Zone KTV၊ စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းများဖြစ်သည့် တာမွေမြို့နယ် Mytel အရောင်းပြခန်းတစ်ခုနှင့် ရွှေမန်းသူကားဂိတ်အပြင် ကမာရွတ်ရဲစခန်းကိုလည်း ဗုံးခွဲတိုက်ခိုက်ခဲ့သည်။
စစ်အာဏာသိမ်းမှု ငါးလကျော်လာသည့်အချိန်တွင် စစ်ကောင်စီကို လက်နက်ကိုင်ခုခံသည့် တိုက်ပွဲများသည် တိုင်းရင်းသားဒေသများနှင့် မြန်မာနိုင်ငံအထက်ပိုင်းတွင် ပြင်းထန်လာသလို မြို့ပြများတွင်လည်း စစ်ကောင်စီ၏ အားနည်းသည့်ပစ်မှတ်များ၊ စီးပွားရေးလုပ်ငန်းများကို တိုက်ခိုက်သည့် ပြောက်ကျားလှုပ်ရှားမှုများ အားကောင်းလာပါသည်။
သတင်းနှင့်ရိုက်ကူး – Myanmar Now
[youtube https://youtu.be/URiU7c_rAWk]



