အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မြန်မာ့အရေး ထည့်သွင်းဆွေးနွေးခဲ့ကြောင်း စင်ကာပူရောက် ကန်ဒုသမ္မတပြော

မြန်မာနိုင်ငံအရေးတွင် နိုင်ငံတကာအသိုင်းအဝိုင်းက ဝိုင်းဝန်းကူညီပေးရန် လိုအပ်ကြောင်း ယနေ့ (ဩဂုတ် ၂၃) ပြုလုပ်သော စင်ကာပူဝန်ကြီးချုပ်နှင့် ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် အမေရိကန် ဒုတိယသမ္မတ Kamala Harris က ထုတ်ဖော်ပြောကြားသည်။

“ဝန်ကြီးချုပ်နဲ့ ကျွန်မတို့ မြန်မာ့အကျပ်အတည်းကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ဖို့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မြန်မာပြည်သူတွေကို ကူညီရပါမယ်” ဟု စင်ကာပူရောက် ကန်ဒုသမ္မတက ပြောသည်။ 

အမေရိကန်သမ္မတသစ် ဂျိုးဘိုင်ဒင်လက်ထက်တွင် အရှေ့တောင်အာရှအပါအဝင် အင်ဒို − ပစိဖိတ်ဒေသအတွင်း အမေရိကန်၏ အခန်းကဏ္ဍကို မြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် လာရောက်သည် အမေရိကန်ဒုသမ္မတ Kamala Harris သည် စင်ကာပူနိုင်ငံပြီးနောက် ဗီယက်နမ်နိုင်ငံသို့ သွားရောက်မည်ဖြစ်သည်။

အမေရိကန်ဒုသမ္မတ၏ ခရီးစဉ်အတွင်း အမေရိကန်လေတပ်အပါအဝင် တိုက်ခိုက်ရေးသင်္ဘောများ ဖြန့်ကြက်ချထားမှု ပါဝင်သည့် လုံခြုံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်ကိုလည်း ထပ်မံအတည်ပြုနိုင်ခဲ့သည်ဟု ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် နှစ်နိုင်ငံခေါင်းဆောင်များက ထုတ်ဖော်ပြောကြားသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ထို့ပြင် တောင်တရုတ်ပင်လယ်အရေးအပါအဝင် ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကာ လတ်တလော အာဖဂန်နစ္စတန်နိုင်ငံရှိ အမေရိကန်၏ အရေးပေါ် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများအတွက် စင်ကာပူလေတပ်က သယ်ယူပို့ဆောင်ရေးလေယာဉ်များ ကူညီပေးမည်ဖြစ်ကြောင်း စင်ကာပူဝန်ကြီးချုပ်က သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်းပြောကြားသည်။ 

စင်ကာပူနိုင်ငံသို့ အမေရိကန်ဒုသမ္မတ ရောက်မလာမီ ရက်ပိုင်းအတွင်း မြန်မာ့အရေးတွင် အာဆီယံအနေဖြင့် ထိထိရောက်ရောက်ဆောင်ရွက်နိုင်ခြင်း မရှိကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan က ထုတ်ဖော်ပြောကြားခဲ့သည်။

“အာဆီယံက ကျွန်တော်တို့မျှော်လင့်ထားသလို မထိရောက်ဘူး။ ဒါမှမဟုတ် လျင်လျင်မြန်မြန်ဆောင်ရွက်နိုင်ခြင်း မရှိဘူးလို့ ပြောရမယ်။ ဒါပေမဲ့ ခက်ခဲတဲ့အခြေအနေလည်းဖြစ်ပါတယ်” ဟု စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ဩဂုတ် ၂၁ တွင် ပြောကြားခဲ့သည်ဟု Reuters သတင်းဌာနက ရေးသားသည်။

အာဆီယံနှင့် မြန်မာကြား ဆက်ဆံရေးအခြေအနေမှာ သေရေးရှင်ရေးဖြစ်နေပြီး မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ခံအပ်ခံထားရသူ ဘရူနိုင်းဒုတိယနိုင်ငံခြားရေးဝန်ကြီးအနေဖြင့် နိုဝင်ဘာလ အာဆီယံထိပ်သီးအစည်းအဝေးတွင် တိုးတက်ဖြစ်ထွန်းမှုများ အစီရင်ခံနိုင်ရန် မျှော်လင့်သည်ဟုလည်း  Vivian Balakrishnan က ဆိုသည်။

စင်ကာပူအစိုးရအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပူးပေါင်းဆောင်ရွက်ခြင်းရှိမရှိ မေးမြန်းရာတွင် သက်ဆိုင်သူအားလုံးနှင့် ပူးပေါင်းဆောင်ရွက်မည်ကို မြန်မာစစ်ခေါင်းဆောင်များ သိရှိသည်ဟု စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ပြောဆိုကြောင်း Reuters သတင်းက ဆိုသည်။

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းယူခဲ့သည်ကို စင်ကာပူနိုင်ငံက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည့်အပြင် အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်ရေးကိစ္စများတွင်လည်း စစ်ကောင်စီအပေါ် မကြာခဏ ဝေဖန်ပြောဆိုမှုများ ရှိသည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button