အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

အမေရိကန် ထောက်လှမ်းရေးအကူအညီနဲ့ အသေဖမ်းမိသွားခဲ့တဲ့ မက္ကဆီကို မူးယစ်ဂိုဏ်းခေါင်းဆောင်

မက္ကဆီကို လုံခြုံရေးတပ်ဖွဲ့တွေဟာ နိုင်ငံရဲ့ အလိုရှိဆုံး မူးယစ်ဂိုဏ်းခေါင်းဆောင်  နမ်မဲစီယို “အယ်လ် မန်ချို” အိုစီဂွဲရား (Nemesio “El Mencho” Oseguera Cervantes) ဆိုသူကို အမေရိကန် ထောက်လှမ်းရေးတပ်ဖွဲ့ကနေရတဲ့ သတင်းအချက်တွေနဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၀ ရက်နေ့က အသေပစ်ခတ် ဖမ်းမိခဲ့ပါတယ်။ 

အယ်လ် မန်ချို ပုန်းအောင်နေခဲ့တဲ့နေရာကို သူ့ အချစ်တော်ကောင်မလေးဆီမှာ အလုပ်လုပ်နေတဲ့ သူတစ်ဦးဆီကနေ လမ်းစသိရှိသွားခဲ့တာ ဖြစ်ပါတယ်။

အယ်လ် မန်ချိုရဲ့ ချစ်သူကောင်မလေးဟာ  သူတို့အတူနေခဲ့တဲ့ တာပယ်ပါ (Tapalpa) မြို့ပြင်မှာရှိတဲ့ တည်းခိုခန်းကနေ ထွက်ခွာသွားချိန်မှာတော့ အယ်လ် မန်ချိုဟာ  သူ့ရဲ့ လုံခြုံရေးအဖွဲ့တွေနဲ့အတူ အဲဒီ တည်းခိုခန်းမှာပဲ ကျန်နေခဲ့ပါတယ်။

ဒါကိုစောင့်ကြည့်နေတဲ့ မက္ကဆီကို အထူးတပ်ဖွဲ့ဝင်တွေနဲ့ အမျိုးသားလုံခြုံရေးတပ်ဖွဲ့ ရဲ့ အထူးတုံ့ပြန်ရေးအဖွဲ့တို့ဟာ ချက်ချင်းပဲ အစီအစဉ်ဆွဲပြီး ၂၄ နာရီအတွင်း သူနေတဲ့နေရာကို ဝင်ရောက်စီးနင်းခဲ့တာ ဖြစ်ပါတယ်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles