အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မန္တလေးတပ်ပေါင်းစုစစ်ကြောင်း မချီတက်မီ လူငယ် ၇ ဦး အဖမ်းခံရ

ယနေ့ (ဇွန် ၂၅) တွင် မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်တွင် တပ်ပေါင်းစုဆန္ဒပြစစ်ကြောင်း စတင်ချီတက်ရန် ပြင်ဆင်နေစဉ် စစ်ကောင်စီတပ်က ဝင်ရောက်ဖမ်းဆီးခဲ့ရာ စုရပ်အနီး လူငယ် ၇ ဦး အဖမ်းခံရသည်။ 

ဆန္ဒပြရာတွင် ပါဝင်မည့်သူတစ်ဦး ကြိုတင်အထိန်းသိမ်းခံရပြီးနောက် စတင်စုဝေးမည့်နေရာ သတင်းပေါက်ကြားသွားခြင်းဖြစ်နိုင်ကြောင်း၊ မွန်းလွဲ ၂ နာရီခန့်က မဟာအောင်မြေမြို့နယ်၊ ၈၄ လမ်း နှင့် ၃၈ လမ်းအနီး လက်ဖက်ရည်ဆိုင်တစ်ဆိုင်အနီးတွင် လူငယ် ၆ ဦး ပါသွားကြောင်း ထိုလှုပ်ရှားမှုတွင် ပါဝင်သူတစ်ဦးက ပြောသည်။

“တစ်ယောက်ကို ဖမ်းမိသွားရာက စုရပ်ပေါက်သွားတာ။ ဖမ်းခံရသူတွေက (အများစုက) မိန်းကလေးတွေလို့ ကြားတယ်။ ဘယ်သူတွေပါသွားတယ်ဆိုတာ ကျွန်တော်တို့ Confirm လုပ်နေတုန်းပါ ”ဟု ၎င်းက ဆက်ပြောသည်။

လူမှုကူညီရေးကားများ အသုံးပြုပြီး အရပ်သားအသွင်ယူထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ဖမ်းခြင်းဖြစ်သည်ဟု ဆိုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ဒေါင်းစစ်သည်သပိတ်စစ်ကြောင်း၊ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများသပိတ်စစ်ကြောင်း၊ ပညာရေးသပိတ်စစ်ကြောင်း၊ အလုပ်သမားလယ်သမားစစ်ကြောင်း ၊ မန္တလေးတက္ကသိုလ်သပိတ်စစ်ကြောင်း၊ ဘုရားကြီးသပိတ်စစ်ကြောင်း၊ အထက(၇)ကျောင်းသားများသပိတ်စစ်ကြောင်း၊ စိန်ပန်းသပိတ်စစ်ကြောင်းတို့ ပူးပေါင်းကာ တပ်ပေါင်းစုဆန္ဒပြစစ်ကြောင်းအဖြစ် ပူးပေါင်းဆန္ဒပြနေကြခြင်း ဖြစ်သည်။ 

မကြာခဏ ဖြိုခွင်းခံရလေ့ရှိသော်လည်း နေ့စဉ် ဆန္ဒပြရန် ကြိုးပမ်းနေသည့် ထိုအင်အားစုသည် ဧပြီနှင့် မေလအတွင်း ကားဖြင့်တိုက်၍ အကြမ်းဖက်ဖမ်းဆီးခြင်းနှင့် ရင်ဆိုင်ခဲ့ရသည်။

ဇွန် ၁၄ နံနက်ပိုင်းကလည်း ယင်းတပ်ပေါင်းစုဆန္ဒပြစစ်ကြောင်းကို မန္တလေးတက္ကသိုလ်အနီးတွင် စစ်ကောင်စီက ကားဖြင့်တိုက်၍ ဖြိုခွင်းခဲ့ရာ တက္ကသိုလ်ဆရာတစ်ဦးအပါအဝင် ၆ ဦး အဖမ်းခံခဲ့ရသည်။

ဇွန် ၂၂ က မန္တလေးမြို့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MPDF) နှင့် စစ်ကောင်စီတပ်များ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားထားသော်လည်း မန္တလေးမြို့ခံများက စစ်ကောင်စီကို အန်တုကာ ဆက်လက်ဆန္ဒပြလျက်ရှိသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles