အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

အက်ပ်စတိန်းရဲ့ မှတ်တမ်းဖိုင်အသစ်တွေမှာ ထိပ်တန်းပုဂ္ဂိုလ်တွေ ပါဝင်လာ

လိင်ပိုင်းဆိုင်ရာ ရာဇဝတ်မှုတွေကို ကျူးလွန်မှုကြောင့် အဖမ်းခံခဲ့ရပြီး ထောင်ထဲမှာပဲ သေဆုံးသွားခဲ့တဲ့ အမေရိကန် လူကုံထံ စီးပွားရေးလုပ်ငန်းရှင်တစ်ဦး ဖြစ်ခဲ့တဲ့ ဂျက်ဖရီ အက်စတိန်း မသေခင်က စုဆောင်းထားခဲ့တဲ့ မှတ်တမ်းတွေထဲက စာမျက်နှာ ၃သန်းကျော်ကို အမေရိကန် တရားရေးဌာန (DOJ) ကနေ ပြီးခဲ့တဲ့သီတင်းပတ်က ထုတ်ပြန်ခဲ့ရာမှာ အမေရိကန်တင်မကဘဲ ဥရောပကနေ အာရှအထိ   ထိပ်တန်းပုဂ္ဂိုလ်တွေအကြောင်း ပါဝင်လာခဲ့လို့  တစ်ကမ္ဘာလုံးက ထိပ်တန်း ခေါင်းဆောင်ပိုင်းတွေကြားထဲမှာ အတော်လေး ဂယက်ရိုက်သွားစေခဲ့ပါတယ်။

ကမ္ဘာ့ထိပ်တန်း နိုင်ငံရေးသမားတွေ၊ တော်ဝင်မိသားစုဝင်တွေ၊ သိပ္ပံပညာရှင်တွေနဲ့ ဟောလိဝုဒ်မင်းသားတွေအထိ အလွန်ကျယ်ပြန့်တဲ့ လူမှုဆက်ဆံရေးတွေရှိခဲ့တဲ့  အက်စတိန်းကျူးလွန်ခဲ့တဲ့ အမှုတွေမှာ အသက် ၁၄ နှစ်ကနေ ၁၈ နှစ်ကြား အရွယ်မရောက်သေးတဲ့ မိန်းကလေးငယ်တွေကို   ငွေကြေးနဲ့ ၊ ပညာရေး ထောက်ပံ့ပေးမယ်ဆိုပြီး လိမ်လည်ဖြားယောင်းပြီးတော့ သူ့ရဲ့ စံအိမ်တွေဆီ ခေါ်ဆောင်ပြီး လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားမှုတွေ လုပ်ခဲ့ပါတယ်။

တာဝန်ရှိသူတွေက ဖိုင်အများအပြားကို အခုထိ စစ်ဆေးနေဆဲဖြစ်လို့ အက်စတိန်းရဲ့  ဘယ်လို အရှုပ်တော်ပုံတွေမှာ နောက်ထပ်  ဘယ်သူတွေ ထပ်ပါလာဦးမလဲဆိုတာ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles