အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

ကရင်နီမှာ စစ်တပ်ရဲ့တန်ပြန်ထိုးစစ် ဘယ်ကိုဦးတည်နေသလဲ

အာဏာသိမ်းစစ်တပ်က တန်ပြန်ထိုးစစ်ဆင်နေတဲ့ ကရင်နီ(ကယား)ပြည်နယ်မှာ ဒီးမော့ဆို၊ ဘောလခဲမြို့နယ်တွေအပြင် ရှမ်း-ကရင်နီအစပ်က မိုးဗြဲနဲ့ဖယ်ခုံမြို့နယ်တွေမှာလည်း နှစ်ဖက်တိုက်ပွဲပြင်းထန်နေပါတယ်။ 

အာဏာသိမ်းစစ်ဗိုလ်ချုပ်တွေရဲ့ ဌာနချုပ် နေပြည်တော်နဲ့ မိုင် ၁၀၀ကျော်သာဝေးတဲ့ ကရင်နီဒေသဟာ စစ်ရေးအရ အရေးပါပါတယ်။ တစ်ဖက်မှာလည်း နှစ်ကုန်ပိုင်းကျင်းပမယ့် ရွေးကောက်ပွဲနီးကပ်လာချိန်မှာ ကရင်နီတော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်ထားတဲ့ နယ်မြေတွေကို ပြန်ထိန်းချုပ်ဖို့ စစ်တပ်က အလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတာပါ။ 

ကရင်နီဒေသထိုးစစ်ကို ‘ရန်နိုင်မင်း’ စစ်ဆင်ရေးလို့ နာမည်ပေးထားပြီး စစ်တပ်နဲ့အတူ ပအိုဝ်းပြည်သူ့စစ်တွေ ပူးတွဲလှုပ်ရှားနေကြတယ်လို့ သိရပါတယ်။ 

လက်ရှိမှာ ဒီးမော့ဆို မြိုအနီးတဝိုက်နဲ့ ဒီးမော့ဆို-ဖရူဆို-ဘော်လခဲကားလမ်းတလျှောက် တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဆီက သိရပါတယ်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ဒီးမော့ဆိုမြို့ကို ဗဟိုပြုပြီး စစ်ရေးလှုပ်ရှားနေတဲ့ စစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဟာ  ဒီးမော့ဆိုမြို့အနီးက ဒေါငံခါးရပ်ကွက်မှာလည်း တိုက်ပွဲတွေပြင်းထန်နေပါတယ်။ 

ဒါ့အပြင် ရှမ်း-ကရင်နီအစပ် ဖယ်ခုံမြို့နယ်က တောင်စလုံးရွာဘက်ကိုလည်း စစ်တပ်နဲ့ ပအိုဝ်းပြည်သူ့စစ်တွေ ပူးပေါင်းပြီး စစ်ရေးလှုပ်ရှားလာတာကြောင့် တိုက်ပွဲတွေဖြစ်နေတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)  ပြန်ကြားရေးတာဝန်ရှိသူ တာအယ်စိုးက ပြောပါတယ်။

မြတ်ကြီး/ Myanmar Now

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button