အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

စစ်သင်္ဘောတွေကြောင့် တိုက်ပွဲပြင်းထန်နိုင်လို့ ပြည်သူတွေ လုံခြုံရေးဂရုစိုက်ဖို့ KIA သတိပေး

နိုင်ငံအလယ်ပိုင်း မန္တလေးက စတင်ထွက်ခွာလာတဲ့ စစ်သင်္ဘောတွေဟာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ကြားဖြတ်တိုက်ခိုက်မှုတွေကြားကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း ကချင်ပြည်နယ်ထဲကို ဆက်လက်ဦးတည်လာနေပါတယ်။ 

ဇူလိုင် ၁၇ရက်နေ့က သင်္ဘော ၂၅ စီး၊ ဇူလိုင် ၂၂ရက်နေက သင်္ဘော ၆စီးတို့ဟာ မန္တလေးကနေ နှစ်စုခွဲပြီး ထွက်လာတဲ့ စစ်ကောင်စီရေယာဉ်အုပ်မှာ စစ်သင်္ဘောတွေ ၊ တွန်းသင်္ဘောတွေ၊ သံခွန်ရေယာဉ်တွေ ပါဝင်ပြီး စစ်ကိုင်းတိုင်းကနေတဆင့် ကချင်ပြည်နယ်ဘက်ကို ဦးတည်ဆန်တက်နေတာဖြစ်ပါတယ်။ 

စစ်ကောင်စီ ရေယာဉ်အုပ်စုတွေကို မန္တလေးတိုင်းအတွင်း မတ္တရာ ၊ စဉ့်ကူးနဲ့  သပိတ်ကျင်းမြို့နယ်တွေ တစ်လျှောက်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် -မန္တလေး (MDY-PDF) အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ရာမှာ စစ်သင်္ဘောအပါအဝင် ရေယာဉ်တချို့ ပျက်စီးနစ်မြှုပ်ခဲ့သလို ထိခိုက်၊ ပျက်စီးမှု အများအပြားလည်း ရှိခဲ့ပါတယ်။ 

ဒီလို တိုက်ခိုက်မှုတွေကြားကနေပဲ စစ်ရေယာဉ်တွေဟာ အခုဆိုရင် စစ်ကိုင်း-ကချင်အစပ်က ထီးချိုင့်နဲ့ ကသာမြို့နယ်တွေအထိ ရောက်ရှိလာပါတယ်။ ဒီစစ်ရေယာဉ်တွေဟာ ကချင်ပြည်နယ် ဗန်းမော်မြို့က စစ်ကောင်စီတပ်တွေကို လူ၊ လက်နက်နဲ့ ရိက္ခာပို့ဖို့ ဖြစ်နိုင်တယ်လို့ စစ်ရေးအကဲခတ်တွေက ခန့်မှန်းကြပါတယ်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

စစ်သင်္ဘောတွေဟာ မကြာခင်မှာ ကချင်ပြည်နယ်ထဲကို ဝင်လာနိုင်တဲ့အတွက် တိုက်ပွဲတွေ ပြင်းထန်လာနိုင်ချေရှိတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်က ပြောပါတယ်။ 

တိုက်ပွဲတွေ ပြင်းထန်လာနိုင်တာကြောင့် ဧရာဝတီမြစ်ကမ်းဘေးတစ်လျှောက်က ပြည်သူတွေ အနေနဲ့ လေကြောင်းရန်ကို သတိထားဖို့ ၊ စစ်ရေးအခြေအနေတွေကို နားစွင့်ထားကြဖို့ KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက သတိပေးပါတယ်။ 

မြတ်ကြီး၊ နေမင်းနီ/ Myanmar Now

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles