အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မင်းပြားတွင် လက်နက်ကြီးကျည် ထုခွဲရာမှ ပေါက်ကွဲပြီး သုံးဦး ဒဏ်ရာရ

ရခိုင်ပြည်နယ်မြောက်ပိုင်း မင်းပြားမြို့နယ် စပါးထားကျေးရွာတွင် မေ ၇ ညပိုင်းက လက်နက်ကြီးကျည်တစ်လုံးပေါက်ကွဲပြီး လူသုံးဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့သည်။ 

တောစပ်တစ်နေရာတွင် တွေ့ရသည့် လက်နက်ကြီးကျည်တစ်လုံးကို ကောက်ယူလာပြီး နေအိမ်တွင် ည ၉ နာရီခန့်က ထုကြည့်ရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ထိုရွာ၏ အုပ်ချုပ်ရေးမှူး ဦးမျိုးဇော်အောင်က Myanmar Now ကို ပြောသည်။

ပေါက်ကွဲသံကြားလိုက်ရပြီး သွားရောက်ကြည့်ရှုစဉ် အသက် ၇၅ နှစ်အရွယ် ဒေါ်လှတန်နု၊ သားဖြစ်သူ အသက် ၄၂ နှစ်အရွယ် ဦးစိန်လှိုင်၊ အသက် ၄၂ နှစ် အရွယ် ဦးအောင်ကျော်ညွန့်တို့ကို ဒဏ်ရာများဖြင့် တွေ့ရှိခဲ့ရကြောင်း ဆွေမျိုးတော်စပ်သူ ဒေါ်အေးအေးသိန်းက ပြောသည်။

“ဖြစ်တာက ဒေါ်လှတန်နုအိမ်မှာ ဖြစ်တာပါ။ ပေါက်သံကြားလို့ သွားကြည့်တာ။ ကျွန်မတို့အိမ်နဲ့ ပေါက်ကွဲမှုဖြစ်တဲ့အိမ်နဲ့ တစ်အိမ်ပဲခြားတယ်” ဟု ၎င်းက ဆိုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

လက်နက်ကြီးကျည်စ ထိမှန်မှုကြောင့် သုံးဦးလုံးတွင် ခန္ဓာကိုယ်အနှံ့ ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကာ မင်းပြားဆေးရုံမှတစ်ဆင့် စစ်တွေဆေးရုံကြီးသို့ မေ ၈ နံနက်ပိုင်းတွင် ပို့ဆောင်ခဲ့ရသည်ဟု သိရသည်။ 

ယခုနှစ် ဇန်နဝါရီလအတွင်းကလည်း မင်းပြားမြို့နယ် စပါးထားကျေးရွာမှ အသက် ၁၆ နှစ်အရွယ် မောင်တောင်ကျော်ဆိုသူသည် ကျေးရွာအနီး လယ်ကွင်းအတွင်း နွားကျောင်းနေစဉ် ဗုံးသီးတစ်လုံးကို နေအိမ်သို့ ယူဆောင်လာကာ ထုခွဲကြည့်ရာမှ ပေါက်ကွဲသွားရာ ၎င်းအပါအဝင် စုစုပေါင်း ၉ ဦး ဒဏ်ရာရရှိသွားပြီး ၁ ဦးသေဆုံးခဲ့ရသည်။

အဆိုပါ ကျေးရွာအနီးတွင် ၂၀၁၉ ခုနှစ်၊ ဇွန်လက တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့ဖူးသည်။ 

၂၀၀၈ နှစ်ကုန်ပိုင်းမှ စတင်ဖြစ်ပွားခဲ့သော နှစ်နှစ်ကျော်ကြာ စစ်ပွဲကာလအတွင်း ရခိုင်ပြည်နယ်၌ ဒေသခံများသည် မပေါက်ကွဲသေးသော လက်နက်ကြီးကျည်များ၊ ဗုံးသီးများကို ကောက်ယူကာ ထုခွဲကြည့်ရာမှ လူသေဆုံးမှုနှင့် ဒဏ်ရာရရှိမှုများ ဖြစ်ပွားခဲ့သည်။ 

စစ်ကျန်လက်နက်များအန္တရာယ်နှင့် မပေါက်ကွဲသေးသော မိုင်းအန္တရာယ်များကို ရခိုင်အရပ်ဘက်အဖွဲ့အစည်းတချို့က ပညာပေး၊ သတိပေးနေသော်လည်း ပေါက်ကွဲမှုများ အများအပြားရှိနေဆဲဖြစ်သည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button