အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

“ကျန်တဲ့ ၃မြို့ကို တိုက်စစ်ဖွင့်ပြီး အနှေးနဲ့အမြန် AA သိမ်းပိုက်မယ်”

လူထောင်ချီသေဆုံးခဲ့တဲ့ ငလျင်လှုတ်ခတ်မှုကြောင့် ကိုးကန့်၊ တအာင်းနဲ့ ရခိုင်ပါဝင်တဲ့ ညီနောင်မဟာမိတ် ၃ဖွဲ့ဟာ လက်ရှိ မေလတစ်လလုံး အပစ်အခတ်ရပ်စဲမယ်လို့ ကြေငြာထားပါတယ်။ ဒါကြောင့် ရခိုင်ပြည်နယ်အတွင်း လတ်တလော စစ်ရေးတည်ငြိမ်နေပါတယ်။ 

လူထောင်ချီသေဆုံးခဲ့တဲ့ ငလျင်လှုတ်ခတ်မှုကြောင့် ကိုးကန့်၊ တအာင်းနဲ့ ရခိုင်ပါဝင်တဲ့ ညီနောင်မဟာမိတ် ၃ဖွဲ့ဟာ လက်ရှိ မေလတစ်လလုံး အပစ်အခတ်ရပ်စဲမယ်လို့ ကြေငြာထားပါတယ်။ ဒါကြောင့် ရခိုင်ပြည်နယ်အတွင်း လတ်တလော စစ်ရေးတည်ငြိမ်နေပါတယ်။ 

ဒါပေမယ့် အာရက္ခတပ်တော် AA ဟာ ရခိုင်ပြည်အတွင်း စစ်ကောင်စီတပ်ကင်းစင်ရမယ်ဆိုတဲ့ စစ်ရေးရည်မှန်းချက်ကို အကောင်အထည်ဖော်ဖို့ရှိတာကြောင့် လက်ကျန်မြို့တွေကို ဆက်လက်သိမ်းပိုက်သွားဖို့ ရှိလိမ့်မယ်လို့ ရခိုင်နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးဖေသန်းက ပြောပါတယ်။ 

၁၇မြို့နယ်ရှိတဲ့ ရခိုင်ပြည်နယ်မှာ မြို့တော်စစ်တွေ၊ တရုတ်စီမံကိန်းကြီးတွေရှိတဲ့ ကျောက်ဖြူနဲ့၊ မာန်အောင် ၃မြို့ကလွဲလို့ ကျန် ၁၄မြို့နယ်ကို AA က သိမ်းပိုက်ထားပြီး ဖြစ်ပါတယ်။ လက်ကျန် ၃မြို့နယ်မှာလည်း မြို့ပေါ်လောက်မှသာ စစ်ကောင်စီယန္တယားတွေ လည်ပတ်နိုင်တော့တာပါ။ 

မဟာမိတ်တွေဖြစ်တဲ့ ကိုးကန့်နဲ့ တအာင်းတပ်တွေ တရုတ်အစိုးရရဲ့ ကြီးမားတဲ့ဖိအားနဲ့ ရင်ဆိုင်နေရချိန်မှာ AA အပေါ် တရုတ်ရဲ့ဩဇာလွှမ်းမိုးမှုကကော ဘယ်လောက်ထိ ရှိလာနိုင်မလဲ၊ ထိန်းချုပ်ထားမြို့တွေမှာ AA ရဲ့ အုပ်ချုပ်ရေးယန္တယားလည်ပတ်နေတာကော ဘယ်လောက်ခရီးရောက်နေပြီလဲ။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ဒါ့အပြင် ဘူးသီးတောင်နဲ့ မောင်တောမှာ ရိုဟင်ဂျာတွေအတွက် ပြည်နယ်ထူထောင်နိုင်ဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးသမားတွေက တရုတ်အစိုးရကို အဆိုပြုထားတဲ့ကိစ္စအပါအဝင် ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ AA ရဲ့ လက်ရှိဆက်ဆံရေးအခြေအနေတွေနဲ့ပတ်သက်ပြီး ဝါရင့်ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းကို ဆက်သွယ်မေးမြန်းထားပါတယ်။ 

မေးမြန်း -ရောင်နီ

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles