အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

CDM ရဲတစ်ဦး ဦးဆောင်ပြီး နန်းဖာလုံရဲကင်းကို ဝင်တိုက်ရာ ရဲ ၅ ဦး သေ

အိန္ဒိယနယ်စပ်မြို့ဖြစ်သည့် စစ်ကိုင်းတိုင်း၊ တမူးမြို့၊ နန်းဖာလုံရဲကင်းကို CDM ရဲတပ်သားတစ်ဦး ဦးဆောင်၍ ယမန်နေ့ ဧပြီ ၁ ရက်နေ့ ညနေပိုင်းက ဝင်တိုက်ခိုက်ရာတွင် ၎င်းရဲတပ်သားနှင့် ရဲစခန်းမှ ရဲ ၅ ဦး သေဆုံးသွားသည်။ 

အသက် ၂၅ နှစ် အရွယ် ရဲတပ်သား ထန်ဟောက်ဂင် (Thang Hou Gin) က လက်ပစ်ဗုံးသုံးလုံး ကိုင်ဆောင်ကာ ဒေသခံတချို့ကို ဦးဆောင်ပြီး ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ 

“ညက ဗုံးသုံးလုံးနဲ့ ပေါက်ပြီးတော့ ပြန်အဆုတ်မှာ အဲ့ဒီ (စစ်တပ်) ဘက်က စက်သေနတ်နဲ့ ဆွဲပစ်တာ။ သူတို့ သွားတိုက်တဲ့နေရာနဲ့ မီတာ ၂၀၀ လောက်မှ အဲဒီရဲက ကျသွားတာ”ဟု တမူးမြို့တွင် လူမှုကူညီကယ်ဆယ်ရေးလုပ်နေသူတစ်ဦးက ပြောသည်။ 

ရဲတပ်သားမှာ ရင်ဘတ်ကျည်ထိမှန်သော နေရာတွင်ပင် ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း NLD ပါတီဝင် တမူးဒေသခံတစ်ဦးက Myanmar Now ကို ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ရဲတပ်သား ထန်ဟောက်ဂင်သည် ဖေဖော်ဝါရီလဆန်းပိုင်းကတည်းက CDM တွင် ပါဝင်ထားသည့် ကူကီးလူမျိုးတစ်ဦး ဖြစ်သည်။ 

ကျဆုံးသူ ရုပ်အလောင်းကို ယနေ့ ဧပြီ ၂ နံနက် ၉ နာရီခန့်မှသာ ယင်းရဲစခန်းရှေ့မှ ယူဆောင်လာနိုင်ပြီး နေ့လယ် ၁၁ နာရီဝန်းကျင်မှသာ ကူကီးလူမျိုးတို့၏ ရိုးရာဓလေ့ထုံးစံဖြင့် စနစ်တကျ မြေမြှုပ်သင်္ဂြိုဟ်နိုင်ခဲ့ကြောင်း ဒေသခံက ပြောသည်။

စစ်အာဏာရှင်တော်လှန်ရေးလုပ်ငန်းများ လုပ်နေသည့် တမူးဒေသခံများကို အိန္ဒိယဘက်ခြမ်းရှိ ချင်းမျိုးနွယ်များက လာရောက်ကူညီမည်ဆိုသည့် သတင်းကြောင့် အဆိုပါရဲစခန်းအတွင်း စစ်သားများ စခန်းချထားကြောင်း ဒေသခံများက ဆိုကြသည်။

တမူးမြို့နယ်တွင် အိန္ဒိယနိုင်ငံဖြင့် နှစ်နိုင်ငံချစ်ကြည်ရေးအဖြစ် လမ်းတံတားဆောက်လုပ်နေသော (BRTF) ဆောက်လုပ်ရေးဝန်ထမ်းဖြစ်သူ ဂေါ်ရခါးလူမျိုး အသက် ၅၀ ဝန်းကျင်ရှိ ဦးပါရ်ဆူရန်းဆိုသူကိုလည်း မတ် ၂၉ တွင် စစ်တပ်နှင့် ရဲက လက်ပြန်ကြိုးတုပ်၍ ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

တမူးမြို့သည် စစ်ကောင်စီဆန့်ကျင်ရေးဆန္ဒပြလှုပ်ရှားမှုများတွင် အမြဲပါဝင်နေပြီး အစိုးရဝန်ထမ်းအများစုသည် CDM တွင် ပါဝင်နေသည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles