အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

လူငယ် ၁၈ဦးရဲ့ ဇီဝိန်ကို နုတ်ယူသွားတဲ့ ဟက်ပီးမစ်ရှင်

ကရင်နီ (ကယား) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းတွင် ဆေးသင်တန်းတက်နေသည့် တော်လှန်ရေးရဲဘော် ၁၈ ဦး သေဆုံးခဲ့ရသည်မှာ ယနေ့(အောက်တိုဘာ ၁၁)တွင် တစ်လတိတိ ပြည့်ခဲ့ပြီ ဖြစ်သည်။ ‘ဟက်ပီးမစ်ရှင်’ ဟု အမည်ပေးထားသော ညဘက်လေ့ကျင့်ရေးအစီအစဉ်တစ်ခုတွင် ဝန်ထုပ်ဝန်ပိုးဖြင့် ချောင်းကူး လေ့ကျင့်ခန်းဝင်ကြရသည့် သင်တန်းသားများမှာ တောင်ကျရေကြောင့် ရေနစ်သေဆုံးခဲ့ရသည်၊ သင်တန်းအုပ်ချုပ်သူတို့က လိုအပ်သည့် လေ့လာပြင်ဆင်မှု မရှိခဲ့ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က အစီရင်ခံထားသည်။ အောက်တိုဘာ ၁၁ ညဦးပိုင်းက ထိုလေ့ကျင့်ခန်းအတွင်း အသက်ဘေးမှ လွတ်မြောက်ခဲ့သည့် ဆေးသင်တန်းသားတစ်ဦးကို အခင်းဖြစ်ချိန် အတွေ့အကြုံနှင့်ပတ်သက်ပြီး Myanmar Now က ဆက်သွယ်မေးမြန်းထားသည်။ မေးမြန်း – စောရယ်

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles