အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

စက်သုံးဆီ လိုသလောက် ဝယ်မရတော့တဲ့ခေတ် ပြန်ရောက်ပြီ

စက်သုံးဆီကို လိုသလောက် ဝယ်ခွင့်မရတော့ဘဲ အရင် အာဏာရှင် စစ်ဗိုလ်ချုပ်တွေ အသုံးပြုခဲ့တဲ့ ခွဲတမ်းနဲ့သာ ဝယ်ယူနိုင်တော့မယ့်စနစ်ကို ကျင့်သုံးဖို့ စစ်ကောင်စီက ပြင်ဆင်နေတယ်လို့ ပြည်တွင်းစက်သုံးဆီ လုပ်ငန်းရှင်တွေဆီကနေ သိရပါတယ်။ ဆီဝယ်ခွင့်စာအုပ်ပြနိုင်မှ ဆီဝယ်ယူခွင့်ရတဲ့စနစ်ကို အရင်စစ်ဗိုလ်ချုပ်တွေ တီထွင်ခဲ့တာဖြစ်ပြီး၊ လက်ရှိ စစ်ကောင်စီလက်ထက်မှာလည်း အဲ့ဒီစနစ်ဟောင်းကို ပြန်ထုတ်သုံးတော့မှာ ဖြစ်ပါတယ်။ စက်သုံးဆီဝယ်ရင် ပြသရမယ့် စာအုပ်နေရာမှာတော့ အီလက်ထရောနစ်စနစ်နဲ့ ထိန်းချုပ်တဲ့ စမတ်ကတ်ဒ်(Smart Card) စနစ်နဲ့ အစားထိုးဖို့ စစ်ကောင်စီက ပြင်ဆင်နေတာပါ။ စက်သုံးဆီဆိုင်တွေမှာ မော်တော်ယာဉ်တစ်စီးချင်းစီအတွက် ဆီဝယ်ယူမှု မှတ်တမ်းတွေကို စောင့်ကြည့်၊ ထိန်းချုပ်နိုင်မယ့် စမတ်ကတ်ဒ်စနစ်အတွက် နည်းပညာကုမ္ပဏီ ၃ခုကို ရွေးချယ်ထားပါတယ်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button