အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

TNLA ထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့ကို လေတပ်ဗုံးကြဲ၊ ဒေသခံ ၆ ဦးသေဆုံး

ရှမ်းမြောက်ဒေသ စစ်ရေးပစ်မှတ်များထဲတွင် စျေးများလည်း ပါဝင်လာပြီး TNLA သိမ်းထားသည့် ကွတ်ခိုင်ရှိ မြို့မစျေး တိုက်ခိုက်မှုတွင် အရ​ပ်သား အများအပြား သေဆုံး၊ စျေးမီးလောင်သွားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်(TNLA) သိမ်းပိုက်ထားသည့် ကွတ်ခိုင်မြို့ကို ယမန်နေ့ (ဩဂုတ် ၅) မွန်းလွဲပိုင်းတွင် စစ်ကောင်စီလေတပ်က ဗုံးကြဲရာ ဒေသခံ ၆ ဦး သေဆုံးသွားသည်ဟု သိရသည်။

ထိုတိုက်ခိုက်မှုသည် ကွတ်ခိုင်မြို့မဈေး အနီးဝန်းကျင်နှင့် ပြည်ထောင်စုလမ်းမကြီးပေါ်သို့ ကျရောက်ပေါက်ကွဲခြင်း ဖြစ်သည်။

မြို့မဈေးအနီး လမ်းမကြီးပေါ်တွင် ဆိုင်ကယ်ဖြင့် သွားလာနေသည့် အမျိုးသား ၃ ဦး၊ ဈေးထဲတွင် ရှိနေသည့် အမျိုးသား ၂ ဦး၊ အမျိုးသမီး ၁ ဦး သေဆုံးသွားသည်ဟု ကွတ်ခိုင်အခြေစိုက် ပရဟိတ အသင်း တာဝန်ခံအမျိုးသားတစ်ဦးက ပြောသည်။

“ဈေးထောင့်မှာ ၁ လုံး ကျတယ်။ ပြီးတော့ အဲဒီနားက ပြည်ထောင်စုလမ်းမပေါ်မှာ ၁ လုံး၊ နောက်ပြီးတော့ ဈေးထဲမှာ ၂ လုံး ကျတယ်” ဟု အထက်ပါ တာဝန်ခံ အမျိုးသားက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ရုပ်အလောင်းများထဲမှ ၄ ခုကို သက်ဆိုင်ရာ မိသားစုများနှင့် အဆက်အသွယ်ရသဖြင့် ယနေ့ သင်္ဂြိုဟ်လိုက်သည်ဟုလည်း သူက ပြောသည်။ 

ဗုံးဒဏ်ကြောင့် ဈေးဆိုင်ခန်းသုံးပုံ တစ်ပုံခန့် မီးလောင်ပျက်စီးသွားသည်ဟု ဒေသခံအချို့က ပြောသည်။ 

တိုက်ခိုက်ခံရချိန်တွင် ဆိုင်ခန်း အများအပြား ဖွင့်ထားခြင်း မရှိကြောင်း၊ အထည်ဆိုင်၊ လျှပ်စစ်ပစ္စည်းဆိုင်နှင့် ကုန်စုံဆိုင် စုစုပေါင်း ဆိုင်ခန်း ၅၀ ကျော်ခန့် ပျက်စီးနိုင်ကြောင်း ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“ပုံမှန်ဆိုရင် ဗုံးထိလို့ ဘာမှမဖြစ်တောင် မီးလောင်တာနဲ့ လူထိခိုက်မှု ပိုများသွားနိုင်တယ်၊ လေယာဉ်ကြောက်ပြီး ပြန်ကုန်ကြတော့ နည်းနည်းခံသာသွားတာ” ဟု ကွတ်ခိုင်ဒေသခံ အမျိုးသားက ပြောသည်။

မီးလောင်ပျက်စီးသွားသည့် မြို့မဈေးရှိ လက်ကျန်ဆိုင်ခန်းများတွင် ဖောက်ထွင်းခိုးယူမှုများ မဖြစ်ပွားစေရန် TNLA  က လုံခြုံရေးယူပေးထားသည်ဟု ဒေသခံအချို့က ပြောသည်။

ရှမ်းမြောက်ဒေသ ပစ်မှတ်ထား တိုက်ခိုက်ခံနေရသည့်အထဲတွင် စျေးများလည်း ပါဝင်လာသည်။

ဇူလိုင် ၁၈ ရက်နေ့ကလည်း ကိုးကန့်တပ်(MNDAA) သိမ်းပိုက်ထားသည့် သိန္နီမြို့ကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ မြို့မဈေးမီးလောင်ပြီး ဒေသခံ ၈ ဦး သေဆုံးကာ ဆိုင်ခန်းများ မီးလောင်ပျက်စီးခဲ့သည်။

စျေးများကို တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

ယခုနှစ် ဇန်နဝါရီ လဆန်းပိုင်းတွင် တော်လှန်ရေးအင်အားစုက ရှမ်းပြည်မြောက်ပိုင်းရှိ ကွတ်ခိုင်မြို့နှင့် သိန္နီမြို့တို့ရှိ စစ်စခန်းများကို တိုက်ခိုက်ခဲ့ပြီး မြို့ကို သိမ်းပိုက်ခဲ့သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles