အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

လားရှိုးမြို့ကနေ ဘယ်လိုစစ်ပြေးလာရသလဲ

ဇူလိုင် ၃ ရက်က စခဲ့တဲ့ လားရှိုးမြို့သိမ်းတိုက်ပွဲ တစ်လနီးပါး ကြာလာပြီးတဲ့နောက် လားရှိုးမြို့ပေါ် နေရာအများစုကို ကိုးကန့်တိုင်းရင်းသားတပ် MNDAA နဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက်နိုင်ခဲ့ပြီး မြို့အုပ်ချုပ်ရေးလုပ်ငန်းစဉ်တွေကို စတင် လုပ်ကိုင်နေပြီလို့ ဇူလိုင်လ ၂၇ရက်က ထုတ်ပြန်ခဲ့ပါတယ်။ အရှေ့မြောက်တိုင်းစစ်ဌာချုပ် (ရမခ) အခြေစိုက် မြို့ကို အပြီးသတ်သိမ်းနိုင်ဖို့ အတွက် တိုက်ပွဲတွေ ဆက်ရှိနေ‌သေးပြီး လားရှိုးလေယာဉ်ကွင်း အပါအဝင် မြို့နေရာအများအပြားကို MNDAA ကိုးကန့်တပ်က ထိန်းချုပ်ထားပြီလို့ ဒေသခံတွေက ပြောပါတယ်။ လားရှိုးမြို့နယ်မှာ လူဦးရေ ၃ သိန်း ၃ သောင်းနီးပါး နေထိုင်တယ်လို့ ၂၀၁၄ သန်းခေါင်စာရင်းအရ သိရပြီး တစ်ဝက်ကျော်ဟာ မြို့ ပေါ်မှာ နေထိုင်ကြတာပါ။ မြို့အနီးအနားအထိ တိုက်ပွဲတွေရောက်လာချိန်မှာတော့ ဒေသခံအများစု မြို့ကို စွန့်ခွာခဲ့ကြပါတယ်။ ရပ်ကွက် ၅ မှာနေထိုင်တဲ့ လားရှိုးမြို့ခံ အမျိုးသမီးတစ်ဦးနဲ့ MyanmarNow က အဆက်အသွယ်ရခဲ့ပြီး သူမဟာ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်နေတဲ့ ပြီးခဲ့တဲ့ ဇူလိုင် ၂၆ ရက်နေ့ကမှ မြို့ကို စွန့်ခွာလာခဲ့တာပါ။ လားရှိုးမြို့မှာ တိုက်ပွဲတွေ ဘယ်လိုဖြစ်နေသလဲ၊ တိုက်ပွဲတွေကြားကနေ ဒေသခံတွေ ဘယ်လို ထွက်ပြေးလာရသလဲ၊ MNDAA နဲ့ စစ်ကောင်စီတပ်ကြား ဘယ်လိုရင်ဆိုင်နေကြသလဲ ဆိုတာကို လားရှိုးမြို့ခံ အမျိုးသမီးက Myanmar Now ကို ပြောပြထားပါတယ်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button