အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

RCSS နှင့် TNLA တိုက်ပွဲကြောင့် ပျက်စီးသွားသည့် လူနေအိမ်များ ပြုပြင်ပေးရန် ဒေသခံများလိုလား

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်အတွင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် RCSS/SSA နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် TNLA တို့ ဇန်နဝါရီလ ၄ ရက်နေ့ကဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် လူနေအိမ် ငါးဆယ်ကျော် လက်နက်ကြီး လက်နက်ငယ်ကျည် ထိမှန်ပျက်စီးခဲ့ပြီး ပျက်စီးသွားသည့် အိမ်များ၏ ပြင်ဆင်စရိတ်တန်ဖိုးကို သက်ဆိုင်ရာအဖွဲ့အစည်းများက ကူညီစေချင်ကြောင်း ဒေသခံအိမ်ရှင်များက တောင်းဆိုလိုက်သည်။

သတင်းနှင့်ရိုက်ကူး – မြတ်မိုးသူ/Myanmar Now

[youtube https://youtu.be/pN3iOMnqXQk]

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles