အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

ဒေသခံများ အလံဖြူထောင်ပြီး စွန့်ခွာသွားသည့် လားရှိုးမြို့အခြေအနေ

မြို့အနီး ပြင်းထန်နေသည့် တိုက်ပွဲများကြောင့် ထောင်ချီသည့် မြို့ခံများသည် အလံဖြူများထောင်ကာ ကားများဖြင့် မြို့ကိုစွန့်ခွာနေကြသည်။ မြို့ပေါ်လူဦးရေ၏ ထက်ဝက်ခန့်သည် တိမ်းရှောင်သွားကြပြီး၊ မြို့ပေါ် ကျန်ရစ်သူများလည်း စစ်ရေးအခြေအနေများကို စောင့်ကြည့်နေကာ တိမ်းရှောင်ရန် ပြင်ဆင်ထားကြသည်။ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တည်ရှိရာ လားရှိုးမြို့အနီးရှိ တိုက်ပွဲများနှင့် ပတ်သက်ပြီး မြောက်ပိုင်းညီနောင်မဟာမိတ်ဖြစ်သည့် ကိုးကန့်တပ် (MNDAA) နှင့် တအာင်းတပ် (TNLA) တို့က တရားဝင်ထုတ်ဖော်ပြောဆိုခြင်းမရှိသေးဘဲ တိုက်ပွဲများတွင် ၎င်းနှစ်ဖွဲ့ ဦးဆောင်နေကြောင်း စစ်ရေးသတင်းရင်းမြစ်များက ဆိုသည်။ သတင်း၊ တင်ဆက် – မြတ်ပန်း၊ မင်းမောင်၊ မြတ်ကြီး

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button