အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

RCSS နှင့် TNLA တိုက်ပွဲကြောင့် အရပ်သားတဦးသေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်အတွင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် RCSS/SSA နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် TNLA တို့ ထိတွေ့တိုက်ပွဲများကြောင့် ၂၀၂၁ ဇန်နဝါရီလ ၅ ရက်နေ့တွင် နမ္မတူမြို့နယ် ညောင်ဆွယ်ကျေးရွာ၌ လူနေအိမ်တစ်လုံး လက်နက်ကြီးထိမှန်ခဲ့ပြီး မီးလောင်ပျက်စီးသွားသလို အသက် ၄၀ ကျော်အရွယ် အရပ်သားပြည်သူတဦး လက်နက်ငယ်ထိမှန်သေဆုံးသွားခဲ့ရပါသည်။ ၂၀၂၁ ခုနှစ်အတွက် နှစ်ဖက်လက်နက်ကိုင်တိုက်ပွဲကြောင့် ပထမဆုံး အရပ်သားသေဆုံးမှုဖြစ်ခဲ့ပြီး တိုက်ပွဲကြောင့် ယာယီတိမ်းရှောင်နေသူများကို နားဆိုင်းကျေးရွာ အထက်တန်းကျောင်းခွဲ၌ လူဦးရေ ၆၀၀ ကျော်၊ မန်စံကျေးရွာဘုန်းတော်ကြီးကျောင်း၌ ၂၅၀ ကျော်တို့ကို ယာယီတိုက်ပွဲရှောင်စခန်းများဖွင့်ပြီး ယာယီနေထိုင်ခိုလှုံနေကြပါတယ်။

သတင်းနှင့်ရိုက်ကူး – မြတ်မိုးသူ/Myanmar Now

[youtube https://youtu.be/Kfe-57E-qkU]

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles