အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

မုဒိမ်းမှုဖြင့် အမှုဖွင့်ခံရသည့် နေပြည်တော်က ဘုန်းကြီးအမှု ရဲတပ်ဖွဲ့ဘယ်လိုကိုင်တွယ်နေလဲ

အောင်ဘာလေထီကျပ်သိန်းတစ်သောင်းခွဲထီ ပထမဆုံးဆုရှင်၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်မှ အေးမေတ္တာစံပရဟိတ တောင်နီလေးကျောင်းတိုက် ဆရာတော် ဦးစန္ဒိမာကို မုဒိမ်းမှုပုဒ်မ ၃၇၆ဖြင့် ယမန်နေ့ မွန်းလွဲပိုင်းတွင် ပုဗ္ဗသီရိမြို့နယ်၊ ထုံးဘိုရဲစခန်းက အမှုလက်ခံဖွင့်လှစ်ထားသည်။ အာမခံမရသည့် ပုဒ်မဖြင့် အမှုဖွင့်ထားသည်မှာ ၂၄ နာရီခန့်ရှိပြီဖြစ်သည်အထိ ဖမ်းဆီးနိုင်ခြင်းမရှိ သေးသော်လည်း ဥပဒေလုပ်ထုံးလုပ်နည်းများအရ ဆက်လက်ဆောင်ရွက်သွားမည်ဟု ထုံးဘိုရဲစခန်းမှူးက ယနေ့နေ့လယ် ၁နာရီခန့်တွင် Myanmar Now ကို ပြောသည်။ တရားလိုမှာ အဆိုပါ ပရဟိတကျောင်းတွင် ဂျပန်စာသင်ပေးနေသည့် အသက် ၃၀ကျော် အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး တိုးတိုးတိတ်တိတ်အရှက်ကွဲရမည့် မိန်းကလေးများထပ်မံမပေါ်ပေါက်စေရန် ရည်ရွယ်ကြောင်း၊ ငွေကြေးရလိုမှုကြောင့် တိုင်တန်းခြင်းမဟုတ်ကြောင်း ပြောထားသည်။

သတင်းနှင့်ရိုက်ကူး- မင်းမင်း၊ ဉာဏ်လှိုင်လင်း/Myanmar Now

[youtube https://youtu.be/hqiXbz-BL1w]

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles