အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

သုသာန်တစပြင်လို ရုတ်ချည်းပြောင်းလဲသွားတဲ့ ဘုန်းကြီးကျောင်းထဲ ဘာတွေဖြစ်ခဲ့သလဲ

သုသာန်တစပြင်လို ရုတ်ချည်းပြောင်းလဲသွားတဲ့ ဘုန်းကြီးကျောင်းထဲက ရင်နင့်ဖွယ်ဖြစ်ရပ်

အနည်းဆုံး လူ ၁၆ ဦး သေဆုံးပြီး ၃၀ ဝန်းကျင် ထိခိုက်ဒဏ်ရာရခဲ့တဲ့ လေကြောင်းတိုက်ခိုက်ခံရမှုမှာ အသက်ဘေးကနေ သီသီလေးလွတ်မြောက်ခဲ့တဲ့ ၃ ဦး ရှိခဲ့ပါတယ်။ သုသာန်တစပြင်လို ရုတ်ချည်းပြောင်းလဲသွားတဲ့ ဘုန်းကြီးကျောင်းထဲက ရင့်နင့်ဖွယ်အဖြစ်အပျက်ကို အသက်ဘေးကနေ လွတ်မြောက်ခဲ့သူတွေထဲက တစ်ဦးက Myanmar Now ကို ပြောပြထားပါတယ်။ မကွေးတိုင်း၊ ဆောမြို့နယ်ထဲက အကြည်ပန်းပလွန်းရွာဘုန်းကြီးကျောင်းမှာ တော်လှန်ရေးအဖွဲ့တွေနဲ့ ဒေသခံတွေ အစည်းအဝေးလုပ်နေချိန် မေလ ၉ ရက်၊ မနက်ပိုင်းမှာ စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။ သေဆုံးသူတွေထဲမှာ အသက် ၁၂ နှစ်အရွယ် ကလေးငယ်တစ်ဦး ပါဝင်ပါတယ်။ သေဆုံးသူတွေထဲကမှ နာမည်နဲ့တကွ အတည်ပြုလို့ရတဲ့ ၁၅ ဦးကတော့ (၁) မောင်ဖြိုးညီ (အသက် ၁၂ နှစ်) (၂) မပြုံးကြည် (မောင်ဖြိုးညီ၏ မိခင်) (၃) ကိုအာကာဖြိုး (၄) ဦးကျော်နိုင်ဝင်း (၅) ဒေါ်ပြုံးပြုံးသီ (၆) ဦးကျော်ကိုဦး (၇) ဦးဇော်လင်းဦး (၈) ဒေါ်ချိုမာဝင်း (၉) ဦးငဗွေ (၁၀) ဦးလှမြတ်ဆွေ (၁၁) ဒေါ်တိုးကြည် (၁၂) ဒေါ်ခင်ချိုဝင်း (၁၃) ဦးထွန်းထွန်းအောင် (၁၄) ဒေါ်အိချို (၁၅) ဒေါ်မိညိုတို့ ဖြစ်ကြပါတယ်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button