အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

ဦးဂါရွာမှအမျိုးသမီးကို အဓမ္မမှုကျူးလွန်သူ တပ်မတော်သား ၃ ဦးကို ထောင်အနှစ် ၂၀ စီချ

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ဦးဂါရွာမှ အရပ်သားအမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့သည့် တပ်မတော်သားသုံးဦးကို ဒီဇင်ဘာ ၁၁ ရက်နေ့ မနက်ပိုင်းက စစ်တွေတပ်နယ်အတွင်းတွင် ပြုလုပ်သည့် တပ်မတော်စစ်ခုံရုံးမှ အလုပ်ကြမ်းနှင့် ထောင်ဒဏ်အနှစ် ( ၂၀) စီ ချမှတ်လိုက်ပါသည်။ ၂၀၁၇ စက်တင်ဘာလက ရခိုင်ပြည်နယ် အင်းဒင်ကျေးရွာလူသတ်မှုဖြစ်စဉ်တွင် ကျူးလွန်သူတပ်မတော်များသည် ထောင်ဒဏ် ၁၀ နှစ်စီ အမိန့်ချမှတ်ခံရသော်လည်း ထောင်ထဲတွင် တစ်နှစ်ပြည့်အောင် မနေခဲ့ရဘဲ တပ်မတော်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်ခဲ့ပါသဖြင့် ယခုအမှုတွင်လည်း ပြစ်ဒဏ်စေ့အောင် မနေရဘဲ ထောင်မှ ပြန်လွတ်လာမည်ကို ကျူးလွန်ခံရသူက စိုးရိမ်လျက်ရှိသည်။

သတင်းနှင့်ရိုက်ကူး – ဖဒူထွန်းအောင်၊ ဇေယျာမော်/Myanmar Now

[youtube https://youtu.be/EcvV5jBtEpU]

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles