အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

နမ္မတူမြို့နယ် နမ့်ပိုင်ရွာထဲလက်နက်ကြီးကျ ရွာသား ၄ ဦး ဒဏ်ရာရ

ရှမ်းပြည်နယ်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် RCSS/SSA နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် TNLA တို့ ဒီဇင်ဘာ ၁၀ ရက်ညနေပိုင်းက နမ္မတူမြို့နယ်အတွင်းရှိ နမ့်ပိုင်ရွာအနီးတွင် တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပြီး နမ့်ပိုင်ရွာထဲ လက်နက်ကြီးကျည်ဆန် ကျရောက်ပေါက်ကွဲသဖြင့် ကိုယ်ဝန်ဆောင်အမျိုးသမီးအပါအဝင် အရပ်သား ၄ ဦးဒဏ်ရာရခဲ့ပါသည်။ နမ့်ပိုင်ကျေးရွာတွင် ပိတ်မိနေသည့် ဒေသခံ ၅၀ ကျော်အား လူမှုကယ်ဆယ်ရေးအဖွဲ့များမှ ဒီဇင်ဘာ ၁၁ ရက် ယနေ့နံနက်ပိုင်းတွင် သွားရောက်ကယ်တင်ခေါ်ဆောင်ခဲ့ပြီး မန်ဆန်ကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ ပို့ဆောင်ခဲ့သဖြင့် လက်ရှိအချိန်ထိ မန်ဆန်ကျေးရွာဘုန်းတော်ကြီးကျောင်း၌ တိုက်ပွဲရှောင် ၃၀၀ ကျော်ရှိနေပြီဖြစ်သည်။

သတင်းနှင့်ရိုက်ကူး – မြတ်မိုးသူ/Myanmar Now

[youtube https://youtu.be/MEW2IWQ65As]

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles