အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

စစ်ကောင်စီကန့်သတ်ချက်က ထိုင်းရောက်မြန်မာလုပ်သားများ ပြည်တွင်းပြန်ဝင်ရန် တွန့်ဆုတ်စေ

အမျိုးသားများ ပြည်ပထွက်အလုပ်လုပ်ခွင့် ကန့်သတ်ချက်သည် ပြည်တွင်းတွင်သာမက ထိုင်းရောက်မြန်မာရွှေ့ပြောင်းလုပ်သားများကိုပါ ရိုက်ခတ်မှု ရှိနေသည်။ “ထိုင်းနိုင်ငံအပါအဝင် နိုင်ငံရပ်ခြားကနေ မြန်မာနိုင်ငံကို MOU စနစ်နဲ့ ပြန်ဝင်ပြီး စာရွက်စာတမ်း သက်တမ်းတိုးမယ့်သူတွေက မြန်မာနိုင်ငံ ငါတို့ပြန်ရင် ပြန်ထွက်လို့ရပါ့မလားဆိုပြီး စာရွက်စာတမ်း သက်တမ်းပြန်တိုးမယ့်သူတောင် ခြေလှမ်းတန့်သွားတယ်။ ဒီနိုင်ငံ ဘယ်လိုလုပ်ပြန်ရဲတော့မလဲ။ ပြန်ထွက်လို့မရရင် ဘယ့်နှယ်လုပ်မလဲ” ဟု ထိုင်းနိုင်ငံအခြေစိုက် မြန်မာလုပ်သားအရေးဆောင်ရွက်သူတစ်ဦးက ပြောသည်။ အမျိုးသားများ ပြန်ပထွက်အလုပ်လုပ်ခွင့်ကို မေလ ၁ရက်နေ့မှစတင်ပြီး တားမြစ်ပိတ်ပင်လိုက်သည်ဟု စစ်ကောင်စီလက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိက Myanmar Now ကို ယမန်နေ့တွင် အတည်ပြုခဲ့သည်။ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာရွှေ့ပြောင်းလုပ်သားအရေအတွက်သည် ၄ သန်းမှ ၅ သန်းဝန်းကျင်အထိရှိနေကြောင်း မြန်မာအလုပ်သမားအရေးဆောင်ရွက်သူများက ခန့်မှန်းထားသည်။ မေးမြန်း၊ တည်းဖြတ် – အောင်ခမ်း၊ ဟန်သစ်

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles