အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

ပြည်ပထွက်အလုပ်လုပ်ခွင့် ပိတ်ပင်သည့်ကိစ္စ စစ်ကောင်စီအလုပ်သမားဝန်ကြီးဌာန ဘာပြောလဲ

အမျိုးသားများ ပြည်ပထွက်အလုပ်လုပ်ခွင့် စစ်ကောင်စီ တားမြစ်

အမျိုးသားတွေ ပြည်ပကို တရားဝင်ထွက်ခွာပြီး အလုပ်လုပ်ကိုင်ခွင့်ကို မေလ ၁ရက်နေ့ကစတင် ရပ်ဆိုင်းလိုက်တယ်လို့ စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က ဒီကနေ့ မွန်းလွဲပိုင်းမှာ Myanmar Now ကို အတည်ပြုပါတယ်။ ဒီကန့်သတ်ပိတ်ပင်မှုဟာ မေလ ၁ ရက်နေ့ကနေ နောက်ပိုင်း အလုပ်ခေါ်စာတင်တဲ့သူတွေကို ရည်ညွှန်းတာဖြစ်ပြီး၊ မေလ ၁ ရက်နေ့မတိုင်ခင် ခွင့်ပြုချက်ကျပြီးသားသူတွေတော့ အကျုံးမဝင်ဘူးလို့ သိရပါတယ်။ ၂၀၂၁ စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ အထွေထွေကျပ်တည်းမှုတွေနဲ့ အခုနှစ် ဖေဖော်ဝါရီလမှာ အသက်သွင်းလိုက်တဲ့ စစ်မှုမထမ်းမနေရဥပဒေကြောင့် လူငယ်တွေ အလုံးအရင်းနဲ့ ပြည်ပထွက်အလုပ်လုပ်ဖို့ ပြင်ဆင်နေချိန် စစ်ကောင်စီက အမျိုးသားတွေကို ခုလို ကန့်သတ်လိုက်တာပါ။ ဒီကန့်သတ်ချက်ဟာ ဘယ်ကာလအထိ အကျုံးဝင်မလဲဆိုတာကိုတော့ စစ်ကောင်စီဘက်က တိတိပပ ပြောဆိုတာ မရှိသေးပါဘူး။ အခုလို ပိတ်ပင်မှုဟာ ပြည်ပထွက်အလုပ်လုပ်ကြမယ့် အမျိုးသားအားလုံးနဲ့ အကျုံးဝင်တယ်လို့ အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတွေက ပြောပါတယ်။ ဒါဟာ PJ လို့ခေါ်တဲ့ အလုပ်လုပ်ကိုင်ခွင့်ပတ်စ်ပို့ကိုင်ထားသူအားလုံး တရားဝင်လမ်းကြောင်းကနေ ပြည်ပထွက်ခွင့် မရှိတော့တဲ့သဘောလည်း ဖြစ်ပါတယ်။ PJ ပတ်စ်ပို့က ပြည်ပထွက်မယ့် အလုပ်သမားတွေအတွက် ထုတ်ပေးတာဖြစ်လို့ ပြည်ပထွက်ချင်ရင် အလုပ်ကိစ္စနဲ့ပဲ ထွက်အောင် စစ်ကောင်စီက တင်းကျပ်ထားပါတယ်။ သတင်း၊ တင်ဆက် – စထွန်းအောင်

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles